အာဆီယံအစည်းအဝေးတက်ရန် ဖိတ်ကြားခံရသည့်ကိစ္စ မသိရကြောင်း ဒေါက်တာစင်သီယာမောင်ပြော

အာဆီယံအစည်းအဝေးတက်ရန် ဖိတ်ကြားခံရသည့်ကိစ္စ မသိရကြောင်း ဒေါက်တာစင်သီယာမောင်ပြော

မကြာခင် ကျင်းပတော့မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်း၏ ဒါရိုက်တာ ဒေါက်တာစင်သီယာမောင် တက်ရောက်ရန် ဖိတ်ကြားခံရသည်ဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ သူမအနေဖြင့် မသိရှိရကြောင်း ကေအိုင်စီသို့ ပြောသည်။

ဒေါက်တာစင်သီယာမောင်က “ကျမ ဘာမှမသိရဘူးနော်၊ အဲလိုတော့ လာမေးကြတာပဲ” ဟု ကေအိုင်စီသို့ ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့လည်တွင် ပြောသည်။

လာမည့် အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပရန်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲသို့ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသည့် အရပ်သားကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ဒေါက်တာစင်သီယာမောင် ဖိတ်ကြားခြင်းခံခဲ့ရသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ပါဝင်တက်ရောက်ခွင့်မပြုဘဲ ၎င်းအစား နိုင်ငံရေးနှင့် ပတ်သက်မှု မရှိသည့် အရပ်သားကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ယခုလအောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ၏ အရေးပေါ် နိုင်ငံခြားရေးရာ ဝန်ကြီးများအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...