အာဆီယံအစည်းအဝေးတက်ရန် ဖိတ်ကြားခံရသည့်ကိစ္စ မသိရကြောင်း ဒေါက်တာစင်သီယာမောင်ပြော

အာဆီယံအစည်းအဝေးတက်ရန် ဖိတ်ကြားခံရသည့်ကိစ္စ မသိရကြောင်း ဒေါက်တာစင်သီယာမောင်ပြော

မကြာခင် ကျင်းပတော့မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်း၏ ဒါရိုက်တာ ဒေါက်တာစင်သီယာမောင် တက်ရောက်ရန် ဖိတ်ကြားခံရသည်ဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ သူမအနေဖြင့် မသိရှိရကြောင်း ကေအိုင်စီသို့ ပြောသည်။

ဒေါက်တာစင်သီယာမောင်က “ကျမ ဘာမှမသိရဘူးနော်၊ အဲလိုတော့ လာမေးကြတာပဲ” ဟု ကေအိုင်စီသို့ ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့လည်တွင် ပြောသည်။

လာမည့် အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပရန်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲသို့ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသည့် အရပ်သားကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ဒေါက်တာစင်သီယာမောင် ဖိတ်ကြားခြင်းခံခဲ့ရသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ပါဝင်တက်ရောက်ခွင့်မပြုဘဲ ၎င်းအစား နိုင်ငံရေးနှင့် ပတ်သက်မှု မရှိသည့် အရပ်သားကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ယခုလအောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ၏ အရေးပေါ် နိုင်ငံခြားရေးရာ ဝန်ကြီးများအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...