စစ်ရှောင်နေထိုင်သည့် ဘုန်းကြီးကျောင်း ကိုဗစ်–၁၉ တွေ့၊ စစ်ရှောင်များ နေရပ်ပြန်

စစ်ရှောင်နေထိုင်သည့် ဘုန်းကြီးကျောင်း ကိုဗစ်–၁၉ တွေ့၊ စစ်ရှောင်များ နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ဟမ်းငိုင်းကျေးရွာ စစ်ရှောင်များနေထိုင်သည့် ကုန်းစုံဘုန်းကြီးကျောင်းမှ ကိုရင် (၂) ပါး ကိုဗစ်-၁၉ တွေ့သဖြင့် စစ်ရှောင်များ နေရပ်ကို ပြန်သွားကြကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၂) ရက်နေ့က ကုန်းစုံဘုန်းကြီးကျောင်းမှ ကိုရင် (၂) ပါး ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် စစ်ရှောင်များအတွက်လည်း စိုးရိမ်ရကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦးက ပြောသည်။

“ကျောင်းက ကိုရင် (၂) ပါးက ကိုဗစ်ဖြစ်တော့ စစ်ရှောင်တွေထပ်ကူးမှာလဲ စိုးရိမ်ရတယ်။ ပြီးတော့ တိုက်ပွဲ အခြေနေလည်း ငြိမ်နေတယ်ဆိုတော့ ပြန်သွားကြတာ။ အဓိက ကတော့ လူစုလူဝေးဖြစ်ရင် ရောဂါလည်း စိုးရိမ်ရတယ်။ သူတို့မပြန်ခင် အားလုံးကို ကျနော်တို့ ကိုဗစ် ရှိ မရှိ စစ်ဆေးပြီးမှ ပြန်လွှတ်ပေးတယ်” ဟု အသက် (၄၀) ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကုန်းစုံဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် (၁၁၇) ဦးသည် အောက်တိုဘာ (၂၄) ရက်နေ့က ၎င်းတို့နေထိုင်ရာ ရွာဖြစ်သော ဟိုဖယ်၊ နမ့်အွတ်၊ နားလိန်၊ နော်ဆိုင်နှင့် လွယ်ဆိုင်းကျေးရွာသို့ ပြန်သွားခဲ့ကြကြောင်း သိရသည်။

“မိုင်းကိုင်မြို့နယ်တွင်းရှိ စစ်ရှောင်အများစုတော့ ပြန်သွားကြပြီ တိုက်ပွဲတွေလည်း ငြိမ်နေတယ်” ဟု စစ်ရှောင်များကို ကူညီပေးသူ တစ်ဦးက ပြောသည်။

ဟမ်းငိုင်းကျေးရွာရှိ ကောင်းမူးခမ်းတွင် စစ်ရှောင် (၁၁၈) ဦး ကျန်ရှိပြီး ပန်ကေတုကျေးတွင် စစ်ရှောင် (၈၀၀) ဝန်းကျင် ကျန်ရှိနေကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း စက်တင်ဘာ (၁၄) ရက်ကတည်းက သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးလာခဲ့ရပြီး တစ်လကျော်ကြာမှ စစ်ရှောင်တစ်ချို့ နေရပ်ကို ပြန်သွားရခြင်းဖြစ်သည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...