ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်ကျေးရွာတွင် မြေမြှုပ်ထားသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်ကျေးရွာတွင် မြေမြှုပ်ထားသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်ကျေးရွာတွင် အောက်တိုဘာလ ၂၅ ရက်တွင် မြေမြှုပ်ထားသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိသည်ဟု သတင်းရရှိသည်။

၎င်းသေဆုံးသူမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ-၅၅၆၊ ခမရ-၅၆၀ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း (၁၈) ကြားပစ်ခတ်မှု စတင်ဖြစ်ပွားသည့်နေမှစပြီး ၎င်း၏ဆွေမျိုးအိမ်ကို ပြန်လာစောင့်ရင်း ပျောက်ဆုံးနေကြောင်းကို ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ”သူက တိုက်ပွဲဖြစ်တုန်းက သူ့အစ်ကို သူ့တူလေးတွေနဲ့ အတူရှိခဲ့တယ်။ တိုက်ပွဲဖြစ်တော့ အစ်ကိုတွေက ပြေးမယ်ပေါ့။ သူက နင်တို့အရင်သွား ငါစောင့်ပေးမယ်တဲ့။ အဲ့ဒါပြီးနောက် ဘာသတင်းမှ မရလာတော့ဘူးပေါ့နော်။ သူ့ကားတစ်စီးလုံးကိုလည်း ဖျက်ဆီးခံခဲ့ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသား၏အမည်မှာ ဦးအောင်မြင့်ဖြစ်ပြီး သူသည် အံဖကြီးကျေးရွာအုပ်စု တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်ဟု ၎င်းအမည်မဖော်လိုသူ ဒေသခံက ဆိုသည်။

သေဆုံးသွားသည့်အမျိုးသား၏ ဆွေမျိုးအိမ်သည် လက်ရှိစစ်ကောင်စီတပ် တပ်စွဲထားသည့် ရွာသစ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအနီးတွင်တည်ရှိ၍ ယခုသေဆုံးမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံရွာသားများက ပြောဆိုနေကြသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...