စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ

စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ
Photo: တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံ
Photo: တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံများ စပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

စပါးရိတ်ရမယ့် လယ်ယာခင်းများမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ နှစ်ဖက်တပ် အလွန်နီးကပ်စွာရှိနေတဲ့အပြင် ဒေသခံတွေကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ သိရပါတယ်။

“သွားအလုပ်လုပ်လို့ မရဘူး။ မသွားခိုင်းဘူး။ သူတို့ အရမ်းနီးကပ်နေလို့တဲ့။ ဘယ်ကိုမှ မသွားခိုင်းဘူး။ စပါး အရေးတကြီးကို ရိတ်ရတော့မှာ။ မသွားခိုင်းဘူး ဖြစ်နေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လယ်ယာခင်းမှာ စပါးအမှည့်လွန်နေပြီ ဖြစ်သောကြောင့် တစ်နှစ်စာအတွက် စပါးမရိတ်သိမ်းနိုင်ပါက လာမယ့်နှစ်မှာ အစာပြတ်လပ်မှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကို ဒေသခံတွေကို အသွားအလာကန့်သတ်ထားပြီး ကျေးရွာအပြင်ဘက်တွေမှာလည်း မိုင်းထောင်ထားတာကြောင့် ဖောင်းဆိုင်ကျေးရွာအနီးတစ်ဝိုက်မှာ မိုင်းနင်းမိပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက မိုးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် လက်နက်ကြီးကျည်စထိမှန် သေဆုံးသူ ကလေးငယ် ၁ ဦး ရှိကာ ဒဏ်ရာရသူ ၁ ဦး ရှိတာလည်းဖြစ်ပါတယ်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...