စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ

စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ
Photo: တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံ
Photo: တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံများ စပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

စပါးရိတ်ရမယ့် လယ်ယာခင်းများမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ နှစ်ဖက်တပ် အလွန်နီးကပ်စွာရှိနေတဲ့အပြင် ဒေသခံတွေကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ သိရပါတယ်။

“သွားအလုပ်လုပ်လို့ မရဘူး။ မသွားခိုင်းဘူး။ သူတို့ အရမ်းနီးကပ်နေလို့တဲ့။ ဘယ်ကိုမှ မသွားခိုင်းဘူး။ စပါး အရေးတကြီးကို ရိတ်ရတော့မှာ။ မသွားခိုင်းဘူး ဖြစ်နေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လယ်ယာခင်းမှာ စပါးအမှည့်လွန်နေပြီ ဖြစ်သောကြောင့် တစ်နှစ်စာအတွက် စပါးမရိတ်သိမ်းနိုင်ပါက လာမယ့်နှစ်မှာ အစာပြတ်လပ်မှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကို ဒေသခံတွေကို အသွားအလာကန့်သတ်ထားပြီး ကျေးရွာအပြင်ဘက်တွေမှာလည်း မိုင်းထောင်ထားတာကြောင့် ဖောင်းဆိုင်ကျေးရွာအနီးတစ်ဝိုက်မှာ မိုင်းနင်းမိပြီး အမျိုးသား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက မိုးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် လက်နက်ကြီးကျည်စထိမှန် သေဆုံးသူ ကလေးငယ် ၁ ဦး ရှိကာ ဒဏ်ရာရသူ ၁ ဦး ရှိတာလည်းဖြစ်ပါတယ်။

 
 

 

 

Most read this week

မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...