မိုးဗြဲ စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်၊ အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ

မိုးဗြဲ စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်၊ အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အာဏာသိမ်းစစ်ကောင်စီတို့၏ တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းတွင် ကယားပြည် (ကရင်နီပြည်) နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီမှ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် စည်ကား အမှတ် ၁ ရပ်ကွက်မှ အရပ်သားတစ်ဦးသေဆုံးပြီး အမှတ် ၃ ရပ်ကွက်ဘက်မှ ၄ နှစ်အရွယ်နှင့် ၁ နှစ်အရွယ် ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။

“စစ်ကောင်စီတွေက ရမ်းပြီးပစ်တာ၊ လူတွေရှိတဲ့ဘက် မြို့ထဲကိုရမ်းပစ်တော့ လူရော အဆောက်အအုံတွေရော ထိတယ်၊ အမျိုသမီးတစ်ဦးသေဆုံးတယ်၊ ပြီးတော့ ကလေး ၂ ယောက်လည်း ဒဏ်ရာရသွားတယ်၊ စုစုပေါင်း ၆ ဦးဒဏ်ရာတယ်၊ စိုးရိမ်ရတယ်ပြောရမယ်” ဟု မိုးဗြဲမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို ဌာနေပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ကုသစောင့်ရှောက်မှုများပေးနေပြီး အရေးပေါ်ဆေးဝါးနှင့် အသုံးပစ္စည်းများအပြင် တချို့သော သွေးအမျိုးအစားများလည်း အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတို့သည် ယနေ့ နံနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်အထိ မိုးဗြဲမြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်ရှိနေသည့်အတွက် ဒေသခံပြည်သူများသည် နေအိမ်များကို စွန့်ခွာပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေလျက် ရှိကြောင်း သိရသည်။

လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းချီတက်လာနေမှုကို တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) နှင့် ဌာနေပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ တန်ပြန် တိုက်ခိုက်နေလျက်ရှိပြီး လက်ရှိပစ်ခတ်မှုများအပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဘက်မှလည်း ခုခံဖို့ရှိနေလို့ မြို့ခံများအနေဖြင့် မြို့တွင်းမှ ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...