အသက် ၇၀ အရွယ် အမျိုးသား၏အလောင်းကို စစ်ကောင်စီတပ်ဖွဲ့များ နေအိမ်ရှေ့လာပစ်

အသက် ၇၀ အရွယ် အမျိုးသား၏အလောင်းကို စစ်ကောင်စီတပ်ဖွဲ့များ နေအိမ်ရှေ့လာပစ်

ရေဖြူမြို့နယ်အတွင်း အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို စစ်အုပ်စုက ပစ်သတ်ခဲ့ပြီး အလောင်းကို နေအိမ်ရှေ့တွင် လာရောက်စွန့်ပစ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ပြီးနောက် အလောင်းကို အောက်တိုဘာလ ၂၁ ရက်က နေအိမ်ရှေ့တွင် လာရောက်စွန့်ပစ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧကနိကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာက ဦးကြည်သိန်း အသက် ၇၀ နှစ်ကို အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရက် အောက်တိုဘာလ ၂၁ ရက် နေ့လည်ပိုင်းတွင် အလောင်းကို နေအိမ်ရှေ့သို့ လာပစ်သွားခြင်း ဖြစ်သည်ဟု ဝက်ချောင်းကျေးရွာက ဒေသခံများက ပြောသည်။

ဝက်ချောင်းကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “သူက လူကြီး အသက်ကြီးနေပြီဆိုတော့ ဘယ်မှမသွားဘဲ အိမ်မှာပဲနေနေတာ။ လာဖမ်းတုန်းက ခြေထောက်မှာလည်း သေနတ်မှန်ထားသေးတယ်“ ဟု ပြောသည်။

ခမောင်းချောင်းရွာက ဒလန်ဟု နာမည်ကြီးနေသည့် ဦးမိုးဟိန်း အောက်တိုဘာလ ၂၀ ရက်နေ့က ပစ်သတ်ခံခဲ့ရသည်။

ထို့နောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးကြည်သိန်းကို အိမ်ပေါ်အထိတက်ကာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အဆိုရွာသားက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခမောင်းချောင်းနှင့် ဝက်ချောင်းကျေးရွာထဲတွင် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဦးကြည်သိန်းအပါအဝင် အသက်မပြည့်သေးသည့် အမျိုးသား ၅ ဦးခန့်ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။

ညဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းသွားပြီး နံနက်ပိုင်းတွင် အလောင်းလာထုတ်ရန် သေဆုံးသူ ဦးကြည်သိန်း၏ မိသားစုဝင်များကို စစ်ကောင်စီက အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း မိသားစုဝင်များနှင့် ဆွေမျိုးများက စိုးရိမ်ကြောက်လန့်၍ အလောင်းကိုပင် သွားမထုတ်ရဲခဲ့ကြဟု ဒေသခံရွာသားများက ဆိုသည်။

ထိုနောက် စစ်ကောင်စီတပ်ဖွဲ့များ အလောင်းကို နေအိမ်ရှေ့သို့ လာရောက်စွန်ပစ်သွားခဲ့ခြင်းဖြစ်သည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...