ဟားခါးဘက်ကိုစစ်ကူတက်မယ့် စစ်ကောင်စီတပ်ဖွဲ့တွေကို CNA/CNF နဲ့ CDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်

ဟားခါးဘက်ကိုစစ်ကူတက်မယ့် စစ်ကောင်စီတပ်ဖွဲ့တွေကို CNA/CNF နဲ့ CDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးဘက်ကို စစ်ကူတက်မယ့် စစ်ကောင်စီတပ်ဖွဲ့တွေကို ဟားခါး-ဖလမ်းမြို့ကြားမှာ ချင်းအမျိုးသားတပ်ဦး(CNA/CNF)နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုများတယ်လို့ သိရှိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့က ချင်းလူငယ် ၄ ဦးဟာ အချုပ်ခန်းမှာ ၅ လကြာ ချုပ်နှောင်ခံရပြီးနောက် တရားရုံးက အပြစ်မရှိဘူးလို့ပြောပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ ရဲမှူးက အမှာစကားပြောဖို့ဆိုပြီး ပြန်ခေါ်ကာ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။

ချင်းပြည်နယ်အတွင်း စစ်အင်အားတွေဖြည့်တင်းလာတာဟာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဒေသတွင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းမယ့်အသွင်ဆောင်လာပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNA/CNF) ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

December 23, 2025
- ခရစ္စမတ်ကာလမှာ အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးလုပ်ငန်းကို ရက်ပေါင်း ၂၀ ကျော်ကြာ...
December 23, 2025
- ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပြီး...
December 22, 2025
- မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း...
December 22, 2025
- မွန်အမျိုးသားနေ့ကို ကျင်းပပြုလုပ်တဲ့အခါ မွန်အမျိုးသားနေ့ (ဗဟို) မြေစိုက်ပိုစတာရုပ်ပုံကိုပဲ...