မြောက်ဒဂုံတွင် PDF နှင့် CDM များကို အော်ဟစ်စိန်ခေါ်မှုဖြစ်

မြောက်ဒဂုံတွင် PDF နှင့် CDM များကို အော်ဟစ်စိန်ခေါ်မှုဖြစ်

မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ယာအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံသူများအပါအဝင် PDF နှင့် CDM ဝန်ထမ်းများကိုပါ လူတစ်ဦးက လာရောက်စိန်ခေါ်အော်ဟစ်ခဲ့သည်ဟု အဆိုပါ အိမ်ယာအတွင်း နေထိုင်သူများက ပြောသည်။

အောက်တိုဘာ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် မဟာမြိုင်အိမ်ယာအတွင်း လာရောက်စိန်ခေါ်အော်ဟစ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီလူကို ရပ်ကွက်ထဲမှာ တစ်ခါမှမမြင်ဖူးဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီး တစ်ခုခုကို ဖန်တီးချင်ပုံရတယ်။ ရပ်ကွက်ကတော့ ရဲကိုပဲခေါ်လိုက်တယ်” ဟု အဆိုပါအိမ်ယာအတွင်း နေထိုင်သည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လာရောက်စိန်ခေါ်သူ အမျိုးသားသည် အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး အိမ်ယာအတွင်း ဝင်ပေါက်မှ စတင်အော်ဟစ်လာခြင်းဖြစ်ပြီး ဘီလမ်းနှင့် စီလမ်းကြားသို့အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

အိမ်ယာအတွင်း ဝင်ရောက်အော်ဟစ်သူအမျိုးသားက PDF နှင့် CDM ဝန်ထမ်းများရှိလျှင် ထွက်ခဲ့ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် သား၊ သမီးများရှိပါကလည်း ထွက်လာခဲ့ရန် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ယာအတွင်း နေထိုင်သူများက ပြောသည်။

“သူက အရက်တွေဘာတွေလည်း သောက်ထားပုံမရဘူး။ လူစုလူဝေးဆိုတာက သူ့ကို ရဲတွေလာခေါ်တော့ ဝိုင်းအုံကြည့်နေတာပါ” မဟာမြိုင် အိမ်ယာအတွင်း နေထိုင်သူကပြောသည်။

ယခုရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများကို ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာနေပြီး ထားဝယ်ခရိုင် အမျိုးသားဒီမီကရေစီအဖွဲ့ချုပ်ရုံးလည်း အားပြင်းဗုံးဖြင့် ဖောက်ခွဲခံခဲ့ရသည့်အတွက် ရုံးအဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ရသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...