ဥသျှစ်ပင် ရပ်ကွက်ရုံး ဗုံးကွဲ

ဥသျှစ်ပင် ရပ်ကွက်ရုံး ဗုံးကွဲ

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ရှိ ရွှေပင်ရပ်ကွက်ရုံးကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ပန်းတောင်း PDF အဖွဲ့က ဗုံးခွဲတိုက်ခဲ့ကြောင်း ကြေညာသည်။

ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီ၏ နောက်မြှီးဆွဲ အုပ်ချုပ်ရေးမှူးများကို သတိပေးဖောက်ခွဲခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ပြည်သူများကိုလည်း စစ်ကောင်စီ၏ ရုံးများနှင့် နီးစပ်ရာနေရာများမှ ရှောင်ရှားကြရန် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သတိပေးထုတ်ပြန်ထားသည်။

”သူတို့က ဗုံးပေါက်တာတောင် မပြောရဲရှာဘူး။ ဂက်စ်ဗူးပေါက်သလိုလို ပြောနေတယ်” ဟု ရွှေပင်ရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲသံသည် ကျယ်လောင်မှု သိပ်မရှိလှကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဥသျှစ်ပင်မြို့အနီး လဲကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်လည်း ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဥသျှစ်ပင်မြို့တွင် ရွှေပင်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် ရတနာပုံရပ်ကွက်ဟူ၍ ရပ်ကွက် ၃ ခုရှိသည်။

ထို့အပြင် ဥသျှစ်ပင်မြို့တွင် စစ်ကောင်စီပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အလုပ်ရုံများစွာရှိနေသည့် တပ်မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...