ပုသိမ်တွင် “ဒလန်” တစ်ဦး ပစ်သတ်ခံရ

ပုသိမ်တွင် “ဒလန်” တစ်ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဘူတာဈေးတွင် အောက်တိုဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

အမှတ် ၅ ရပ်ကွက်၊ ပပဝတီ ၉ လမ်းတွင်နေထိုင်သည့် စစ်တပ်၊ ရဲ သတင်းပေး ဒလန်ဟု လူသိများနေသည့် အသက် ၄၀ ကျော်အရွယ်ခန့်ရှိ ဦးချိုဝင်းဆိုသူ ဈေး၏ အဝင်အဝနေရာတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

"အနီးကပ်ပစ်သွားတာ။ သေနတ်သံတောင်မကြားရဘူး။ လဲကျသွားပြီး ဗိုက်ကသွေးတွေထွက်လာမှ သေနတ်နဲ့ပစ်မှန်း သိကြတာ" ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဈေးသည်တစ်ဦးက ပြောသည်။

ဝမ်းဗိုက်နှင့် ညာဘက်ရင်ဘတ်တွင် ရရှိထားသည့် သေနတ်ဒဏ်ရာနှစ်ချက်ကြောင့် ဦးချိုဝင်းကို ပုသိမ်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသည် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်နှင့်  ရဲတပ်ဖွဲ့ဝင်များကို ဦးချိုဝင်းက သတင်းပေးသဖြင့် ဘူတာဝင်း၊ ပပဝတီ၊ ဥမ္မာဒန္တီ စသည့် ရပ်ကွက်များအတွင်းက လူငယ်အယောက် ၄၀ နီးပါး အဖမ်းခံထားရသည်ဟု ဒေသခံအချို့က ပြောသည်။

‌စစ်တပ်နှင့်ရဲ အမာခံသတင်းပေးဖြစ်သည့် ပပဝတီ ၉ လမ်းတွင်နေထိုင်သည့် ဦးချိုဝင်းကို တော်လှန်ရေးအတွက် သုတ်သင်ရှင်းလင်းလိုက်ကြောင်း ပုသိမ်မြို့ပြပြောက်ကြားတပ်ဖွဲ့ (PSTF) က ထုတ်ဖော်ဝန်ခံထားသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ ပစ်သတ်ခံရသူ ၃ ဦး အထိရှိလာပြီး၊ အောက်တိုဘာလ ၁၄ ရက်နေ့က အမှတ် ၈ ရပ်ကွက်မှ တစ်ဦးနှင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ပုသိမ်တစ်ဘက်ကမ်း အမှတ် ၁ဝ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...