ပြည် လျှပ်စစ်မီတာရုံးနှင့် ရပ်ကွက်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ပြည် လျှပ်စစ်မီတာရုံးနှင့် ရပ်ကွက်ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ရှိ လျှပ်စစ်မီတာရုံးနှင့် ရပ်ကွက်ရုံးတို့တွင် အောက်တိုဘာ ၁၉ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရွှေဆံတော်ဘုရား ဦးတိုက်မြောက်စောင်းတန်းလမ်းရှိ လျှပ်စစ်မီတာရုံးနှင့် ဆံတော်ရပ်ကွက်ရုံး နေရာနှစ်နေရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများကို အတည်ပြုနေဆဲဖြစ်သည်။

”ညက မီတာရုံး အရင်ပေါက်တယ်။ နောက်ဆံတော် ရပ်ကွက်ရုံးပေါက်တယ်။ ပေါက်ပြီးမကြာဘူး ရဲတွေ၊ စစ်သားတွေ အရပ်ဝတ်တွေရော သွားကြတာတွေ့လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးမပေါက်ကွဲမှီ PUGF ပြည်မြို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြည်သူများသို့ဟုဆိုကာ ကြိုတင်အသိပေးခဲ့သည့် ပို့စ် တင်ထားခဲ့သည်။

ထို့နောက် အဆိုပါအသိပေးစာကို မိနစ်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချခံခဲ့ရသည်။

”ပေါက်ကွဲအပြီး ၁ နာရီကြာလောက်မှ စစ်ကောက်စီတပ်တွေ လမ်းပေါ်မှာ ပိတ်ဆို့ဆဲကြတော့တာဘဲ။ အဲ့အချိန် လုပ်တဲ့သူတွေက ဘေးကင်းစွာ နေရာပြန်ရောက်ပြီလို့ ရေးတင်ထားတာ တွေ့လိုက်ရတယ်” ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။

ပထမတွင် အသံသိပ်မကျယ်သည့် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင်တွင် ရပ်ကွက်ရုံးအပါအဝင် နောက်ထပ်နှစ်လုံး စုစုပေါင်း ဗုံး ၃ လုံး ပေါက်သံကြားရသည်ဟု ပြည်မြို့ခံများက ဆိုသည်။

ပြည်မြို့နယ် ဝက်ထီးကန် ရဲသင်တန်းကျောင်းအနီးက ရပ်ကွက်ရုံးကိုလည်း အောက်တိုဘာ ၁၈ ရက်နေ့တွင် ဗုံးခွဲ တိုက်ခိုက်ခံရသည်ဟု ဒေသခံများက ပြောသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...