မိုင်းပွန်မြို့တွင် စော်ဘွားကြီးစဝ်စံထွန်းရုပ်ထု စိုက်ထူ

မိုင်းပွန်မြို့တွင် စော်ဘွားကြီးစဝ်စံထွန်းရုပ်ထု စိုက်ထူ

သျှမ်းပြည်တောင်ပိုင်း လွိုင်ခင်ခရိုင် မိုင်းပွန်မြို့တွင် မိုင်းပွန်စော်ဘွားစဝ်စံထွန်း၏ ရုပ်ထုကို ယနေ့ အောက်တိုဘာ (၂၀) ရက်၌ စိုက်ထူခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါရုပ်ထုသည် အမြင့်ပေ ၉ ပေ ၃ လက်မရှိပြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ရုပ်ထုကို ဟော်နန်းရှေ့ရှိ ကျောက်တိုင်ကွင်းတွင် စိုက်ထူထားကြောင်း သိရသည်။

“သမိုင်းမပပျောက်ရေးနဲ့ အများပြည်သူတွေ စော်ဘွားရဲ့သမိုင်းကြောင်း လေ့လာနိုင်ရေးအတွက် စိုက်ထူခဲ့ခြင်းဖြစ်ပါတယ်” ဟု မိုင်းပွန်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

NLD အစိုးရလက်ထက်က သျှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ဦးဆောင်ပြီး သံဃာတော်များ မိုင်းပွန်ဒေသခံများက စုပေါင်းပြုလုပ်ကြကြောင်း ရုပ်ထုဖြစ်မြောက်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“ဝန်ကြီး ဦးစွံဆိုင်း ဦးဆောင်ပြီးလုပ်တယ်။ ငွေကြေးပိုင်းလည်း သူတို့ပဲ တာဝန်ယူပြီး အားလုံးလုပ်ပေးတယ်။ ကျပ်သိန်း (၁၈၀) ကုန်ကျတယ်” ဟု ၎င်းကပြောသည်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်းဟာ ဇူလိုင် (၁၉) ရက်နေ့မှာ ကျဆုံးခဲ့သည့် အာဇာနည် (၉) ဦးထဲက တစ်ဦးအပါအဝင်ဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်းပြုပြည်ပြုကိစ္စရပ်များ ဆွေးနွေးနေစဉ် ဂဠုန်ဦးစော၏ အပေါင်းအပါလက်ချက်ဖြင့် လုပ်ကြံခံခဲ့ရသည်။

ထိုချိန်မှာ စော်ဘွားကြီးစဝ်စံထွန်းက ပခုံးမှာ ဒဏ်ရာ (၂) ချက်သာရရှိခဲ့ပြီး အခြေနေမစိုးရိမ်ရလူနာအဖြစ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဇူလိုင် (၂၀) ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ကွန်လွန်သွားခဲ့ပြီး စော်ဘွားကြီး ကွယ်လွန်ချိန်တွင် အသက် (၄၀) သာရှိသေးကြောင်း သိရှိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...