မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်

မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်

စစ်ကောင်စီမှ တရားစွဲဆိုကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော ကချင်ပြည်နယ်အခြေစိုက် သတင်းထောက်များအားလုံး ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသော သတင်းထောက်များမှာ The 74 Media မှ မချန်းဘူ၊ Kachin Wave မှ ကိုလရော်၊ မြစ်ကြီးနားဂျာနယ်မှ အဂျေ၊ ခရစ္စတိုဖာ၊ မျိုးမြတ်မြတ်ပန် တို့ဖြစ်သည်။

မြစ်ကြီးနားသတင်းဂျာနယ်မှ အဂျေနှင့် ခရစ္စတိုဖာတို့မှာ ဧပြီလ ၁၃ ရက်နေ့ ဖမ်းဆီးခံရခြင်းဖြစ်ကာ မျိုးမြတ်မြတ်မှာ ဧပြီ ၁၄ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထို့အပြင် The 74 Media မှ မချန်းဘူနှင့် Kachin Wave မှ ကိုလရော်တို့မှာ မတ်လ ၂၉ ရက်နေ့ ဆန္ဒပြပွဲတွင် သတင်းယူရင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးမှာ ၆ လကျော် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယနေ့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

သတင်းထောက်များအပြင် တက်ကြွလှုပ်ရှားသူများဖြစ်ကြသော မဆိုင်းနူးပန်နှင့် ဦးလွမ်းဇောင်း၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသးသမ္မဂမှ မောင်မျိုးထက်နိုင်လင်း၊ လီဆူအနုပညာရှင် ယောတီဖာနှင့် မဘောက်ဂျာအပြင် အခြားသူများလည်း လွတ်မြောက်ခဲ့သည်။

အလားတူ ပူတာ၊ ဗန်းမော်နှင့် အခြားမြို့နယ်များမှ မတရားဖမ်းဆီးခံရသူအချို့လည်း လွတ်မြောက်လာသည်ဟု သိရသည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...