မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့်လူငယ် ပြန်လည်လွတ်မြောက်လာ

မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့်လူငယ် ပြန်လည်လွတ်မြောက်လာ

မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ် (၁) ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဖြစ်စဥ်ကို မှတ်တမ်းဗီဒီယိုရိုက်ကူးခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် လူငယ်မှာ ယမန်နေ့ အကျဥ်းထောင်မှ လွတ်မြောက်ရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသာလူငယ်မှာ ဆွတ်ရိန်နော်နောဖြစ်ပြီး မြစ်ကြီးနားအကျဥ်းထောင်တွင် ၅ လခန့်အကြာ ချုပ်နှောင်ခံရခြင်းဖြစ်သည်။

ပြီးခဲ့သော မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် မြစ်ကြီးနား ကမ္ဘောဇဘဏ်ရှေ့ စစ်ကောင်စီတပ်သားများရှိနေသောနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ဗီဒီယိုရိုက်ကာ လူမှုစာမျက်နှာတွင် တင်ခဲ့ပြီး သတင်းမီဒီယာများကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ဓါတ်ပုံရိုက်သောနေရာမှ အိမ်ခန်းပိုင်ရှင်နှင့် ဆွတ်ရိန်နော်နောကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် အိမ်ခန်းပိုင်ရှင်ကို ပြန်လွတ်ပေးခဲ့ပြီး ဆွတ်ရိန်နော်နောကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။

 

ထို့နောက် အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြန်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...