သတ်မှတ်ချိန်အတွင်း ဖြတ်မောင်းလာသည့် ဆီဘောက်ဆာကား မိုင်းဆွဲခံရ

သတ်မှတ်ချိန်အတွင်း ဖြတ်မောင်းလာသည့် ဆီဘောက်ဆာကား မိုင်းဆွဲခံရ

ထီးချိုင့်မြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၅ နာရီထိ မည်သည့်ကားမှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံ PDF အဖွဲ့ သတိပေးထားသော်လည်း ယနေ့နံနက် ၄ နာရီဝန်းကျင် ဆီဘောက်ဆာကားတစ်စီး ဖြတ်မောင်းလာသည့်အတွက် မိုင်းဆွဲခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီမနက် ၄:၁၃ မိနစ်အချိန်လောက်မှာ အဲကားက ဝင်လာတာဟုတ်တယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ဖြတ်လာလို့ လုပ်လိုက်ရတာပါ" ဟု ပြောသည်။

မိုင်းဆွဲခံရသည့် ဆီဘောက်ဆာကားသည် ကျောင်းကုန်းမှ ထီးချိုင်းဘက်သို့ ဝင်ရောက်လာသည့် ဂေါက်ကွင်းအနီးတွင် မိုင်းထိပေါက်ကွဲခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

မြေပြင်သတင်းပေးပို့သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်း ပြည်သူများ၏ကားနှင့် ရောနှောကာ ဝင်ရောက်လာသည့်အတွက် Local PDF များ လှုပ်ရှားရန် ခက်ခဲမှုရှိနေကြောင်း သိရသည်။

"အခုဆို သူတို့မှာ ကားမရှိဘူး။ အဲတော့ အရပ်သားကားတွေထဲ ရောနှောလိုက်ပါတာမျိုး လုယူထားတဲ့ဆိုင်ကယ်တွေနဲ့ သွားတာမျိုး ပြည်သူတွေရဲ့ ကားမျိုးစုံကို ချောဆွဲပြီး သွားလာနေပါတယ်။ အဲကြောင့် ပြည်သူတွေအနေနဲ့လည်း အခုချိန်မှာ အသွားအလာသတိရှိစေချင်ပါတယ်" ဟု နီးစပ်သူများက ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ်များစီးနင်းလာသည့် ကားများ မကြာခနဆိုသလို မိုင်းဆွဲခံနေရသည့်အတွက် စစ်ကောင်စီတပ်များ ပြည်သူအယောင်ဆောင်ကာ သွားလာလှုပ်ရှားမူများရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်ချိန်အတွင်း လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် ထီးချိုင့်အရှေ့ဘက်ကမ်း PDF အဖွဲ့ခွဲမှ ထပ်မံသတိပေးထားသည်။

ထို့ပြင် အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်း ထီးချိုင့်မြို့မှ အင်းတော်ဘက်သို့ တပ်မ ၉၉ အဖွဲ့ စစ်ကောင်စီတပ်များ တင်ဆောင်လာသည့် ခြောက်ဘီးကားနှစ်စီးလည်း မိုင်းဆွဲခံလိုက်ရကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်ကြောင်း နီးစပ်သူများ၏ သတင်းပေးပို့ချက်အရ သိရသည်။

Most read this week

ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...