ကသာထောင်မှ နောက်ထပ် ၅၁ ဦး ထပ်လွှတ်ပေး

ကသာထောင်မှ နောက်ထပ် ၅၁ ဦး ထပ်လွှတ်ပေး

အောက်တိုဘာ ၁၉ ရက်တွင် ကသာထောင်မှ အမျိုးသမီး ၃ ဦးအပါအဝင် လူ ၅၁ ဦးကို ထပ်မံလွှတ်ပေးခဲ့သည်။

တပ်မတော်အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူများကို ဆက်လက်လွတ်ပေးနေခြင်းဖြစ်သည်။

အမျိုးသမီး ၃ ဦးမှာ ကသာမြို့က CDM ကျောင်းဆရာမတစ်ဦး၊ ဝန်သိုမြို့မှ စက်ချုပ်သည့် အမျိုးသမီး နှစ်ဦးဖြစ်ပြီး မိုးတားကြီးမှ နှစ်ဦး၊ အင်းတော်မြို့ ခုနှစ်ဦး၊ ဗန်းမောက်မှ နှစ်ဦး၊ ထီးချိုင့်က တစ်ဦး၊ ဝန်းသိုက တစ်ဦး၊ ကောလင်းက ငါးဦး၊ ကသာက ငါးဦး တို့ကို နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။

ယခုပြန်လွတ်ပေးသူများက ခံဝန်ထိုးစရာမလိုသော အမိန့်မချသေးသည့် အချုပ်ဖြင့် ထောင်ကျနေသူများဖြစ်ပြီး ယမန်နေ့က လွတ်ပေးခဲ့သူများသည် အမိန့်ချမှတ်ခံရပြီး အကျဉ်းသားများဖြစ်၍ ခံဝန်ထိုးရကြောင်း ပြန်လည်လွတ်မြောက်လာသူ CDM ကျောင်းဆရာတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီအချိန်ခန့်က ပုဒ်မ ၅၀၅-က ဖြင့် အရေးယူခံထားရသူ ၁၂ ဦး ကသာမြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ယခု ၅၁ ဦး ထပ်မံလွတ်လာခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၈ ရက်နေ့က လွတ်လာ ၁၂ ဦးထဲတွင် ထီးချိုင့် ၇ ဦး၊ ဝန်းသို ၁ ဦး၊ ပင်လယ်ဘူးမှ ၄ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ခံဝန်ချုပ်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...