ဖားကန့်မှ သတင်းသမား လွတ်မလာသေး

ဖားကန့်မှ သတင်းသမား လွတ်မလာသေး

ကချင်ပြည်နယ်မှ သတင်းသမားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးမှာ ညနေ ၆ နာရီအချိန်ထိ ပြန်လည်လွတ်မြှောက်လာခြင်းမရှိသေးဟု မိသားစုဝင်များက ပြောသည်။

"အခုအချိန်ထိ ပြန်မလွတ်သေးပါဘူး။ ဆန္ဒပြတုန်းက ဖမ်းထားတဲ့ ဖားကန့်က ရှစ်ယောက်လွတ်တယ်။ ကိုနောင်ရိုးတော့ မပါလာသေးဘူး" ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဖားကန့်မြို့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဧပြီလ ၉ ရက်နေ့၊ နံနက် ၉ နာရီကျော်အချိန်ခန့်က ဖားကန့်မြို့အဝင် ပန်းတင်တံတားအနီးတွင် စစ်တပ်က ဖမ်းဆီးသွားပြီး ပုဒ်မ ၅၀၅-က အပြင် လိုင်စင်မဲ့ဆိုင်ကယ်စီးနှင်မှု ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် အရေးယူခံထားရခြင်းဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူများထဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ၊ The 74 media မှ မချန်ဘူ၊ Kachinwaves သတင်းဌာနက ကိုလရော် တို့ ပါဝင်သည်။

သတင်းထောက် မချန်ဘူနှင့် ကိုလရော်သည် မတ်လ ၂၉ ရက်နေ့က သတင်းယူနေစဉ် အဖမ်းခံခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်တွင် ၆ လ ကျော်အကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အလားတူ မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက် ကိုအဂျဲ၊ ကိုခရစ္စတိုဖာ ဧပြီလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခံ ခဲ့ရပြီး နောက်တစ်ရက် ဧပြီလ ၁၄ ရက်နေ့တွင် မမျိုးမြတ်မြတ်ပန်ကို သူမ၏နေအိမ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် သတင်းယူရင်း အဖမ်းခံရသည့် သတင်းထောက်များကို  တပ်မတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...