နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီဝန်ကျင်တွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။

“အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ဘာကြောင့်လောင်တာလည်းတော့ မသိသေးဘူး“ ဟု နောင်ခမ်း ကျေးရွာဒေသခံတဦးက ပြောသည်။

ထိုအိမ်တွင် အိမ်ရှင်မရှိကြောင်း ၊ လက်ရှိ အချိန်ထိ မည်မျှဆုံးရှုံးသွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

“အဲအိမ်မှာက အိမ်ရှင်မရှိဘူး။ သူတို့က သီပေါဘက် အလုပ်သွားလုပ်တာ။ အိမ်ကတော့ ပြာကျသွားပြီ။ ဘယ်လောက်ဆုံးရှုံးမှု‌ရှိလည်းတော့ အကုန်မသိရသေးဘူး။ ဘယ်သူကလာရှိုးတာလည်း စုံစမ်းနေတယ်” ဟု ‌နောင်ခမ်းကျေးရွာဒေသံတဦးက ပြောသည်။

နောင်ခမ်းကျေးရွာ ယမန့်နေ့ အောက်တိုဘာ (၁၈) တွင် တရုတ်ဘက်မှ နယ်မြေကျော် ခြံစည်းရိုးလာခတ်ခဲ့ကြောင်း သိရသည်။

နေအိမ်ကို မည်သူကို မီးလာရှိုးလာကြောင်းကို စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...