ဟိုပုံး ကိုဗစ်မြင့်တက်မှုကြောင့် Semi Lockdown (၁၄) ရက် ပြုလုပ်သွားမည်

ဟိုပုံး ကိုဗစ်မြင့်တက်မှုကြောင့် Semi Lockdown (၁၄) ရက် ပြုလုပ်သွားမည်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားလာသဖြင့် Semi lockdown (၁၄) ရက် ပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက်မှ နိုဝင်ဘာလ (၂) ရက်နေ့ထိ နေအိမ်မှ အပြင်ထွက်လျှင် ဈေးဝယ်ခွင့်ကဒ် ကိုင်ဆောင်ရမည်ဖြစ်ပြီး နေ့လည် (၁) နာရီနောက်ပိုင်း အိမ်အပြင်သို့ မထွက်ကြရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ထုတ်ပြန်ထားသည်။

“အဖြစ်များတာက တောင်ရပ်ကွက်ကပါ။ ဘာကြောင့်လဲဆိုတော့ ဟိုပုံး ကိုရင်လေး ဈာပနာပွဲ သွားထားတဲ့သူတွေ များတယ်လို့ သိရတယ်” ဟု ဟိုပုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဟိုပုံးမြို့တွင် ကိုဗစ်–၁၉ ကူးစက်မှုနှုန်း များသော်လည်း ယနေ့သည် သီတင်းကျွတ် အဖိတ်ဈေးနေ့ဖြစ်သောကြောင့် ဈေးတွင်းသို့ လူများစည်ကားနေကြောင်း ဟိုပုံးဒေသခံများက ပြောဆိုကြသည်။

“သီတင်းကျွတ်ကာလဆိုတော့ လူတွေက ဘုန်းကြီးကျောင်းတက်တာ၊ ဟိုသွား ဒီသွား များမှာလေ။ ကုသိုလ်ရေးဆိုပေမယ့် အသိတရားလေး ရှိစေချင်တယ်။ ခဏအောင့်ထားပြီး မသွားကြရင် ကောင်းတယ်” ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဟိုပုံးကိုရင်လေး ဈာပနာကို လိုက်ပါပို့ဆောင်ပေးခဲ့သည့် သူများသည် နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိကြောင်း သိရှိရသည်။

ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာရခြင်းသည် ဟိုပုံးကိုရင်လေး ဈာပနာပွဲသွားထားသည့် ဒေသခံများမှတစ်ဆင့် ကူးစက်မှုနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထို့အပြင် အသွားအလာများပြားလာခြင်း၊ ဆိုင်ထိုင်စားသောက်မှုများပြားလာခြင်း စသည့် ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...