စစ်ကောင်စီမှ မတရားဖမ်းထားသူ လားရှိုးထောင်မှ ၁၁ ဦးပြန်လွှတ်လာ

စစ်ကောင်စီမှ မတရားဖမ်းထားသူ လားရှိုးထောင်မှ ၁၁ ဦးပြန်လွှတ်လာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဥ်းထောင်မှ စစ်ကောင်စီမှ မတရားဖမ်းဆီးခြင်းခံထားရသူထဲမှ (၁၁) ဦး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။

ပြန်လွတ်လာသူများသည် မိုင်းရယ်မြို့နှင့် တန့်ယန်းမြို့တို့မှ တစ်ဦးစီပါဝင်ပြီး လားရှိုးမြို့မှ ၉ ဦးပါဝင်ပြီး၊ထိုထဲတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

၎င်းတို့ ၁၁ ဦးသည် စစ်တပ်မှနိုင်ငံတော် အာဏာသိမ်းယူပြီးနောက် မတ်လနောက်ပိုင်းအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွင် ပါဝင်သည် ဆိုသည့်အကြောင်းပြချက်များဖြင့် သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) စတဲ့ပုဒ်မများကြောင့် ပြစ်ဒဏ်ကျရာမှ ပြန်လည်လွတ်မြောက်လာသူများဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင့် လားရှိုးအကျဉ်းထောင်ထဲမှာ အကျဉ်းကျနေသူများသည် အယောက် ၅၀ ကျော် ကျန်နေပြီး ၎င်းတို့သည်လည်း နောက်ရက်များတွင် လွတ်လာရန်လည်း မိသားစုဝင်များက မျှော်လင့်နေကြသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရသည့် အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် ဒီနေ့နေ့လည်ပိုင်းမှာ ထုတ်ပြန်ကြောညာအပြီး တချို့သော အကျဥ်းသားများက လွတ်မြောက်လာသည်။

သျှမ်းပြည် အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲ၊ တပ်စခန်းအသီးသီး၌ ဆန္ဒပြမှုများတွင် ပါဝင်သဖြင့် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ ၃၈ ဦးအနက် ၃၆ ဦး ပြန်လည်လွတ်မြောက်မည်ဖြစ်ကြောင်းလည်း သတင်းသိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...