ဘိုကလေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှုတ်ထွက်

ဘိုကလေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှုတ်ထွက်

ပြောက်ကျားအဖွဲ့၏ သတိပေးစာရရှိပြီးနောက် ဘိုကလေးမြို့နယ်မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး နှုတ်ထွက်သွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ချို့က ပြောသည်။

အောက်လှည်းဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်ကို “ဧရာကဗေဒါ” ပြောက်ကျားအဖွဲ့က ဖုန်းဆက်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။

ဘိုကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရာထူးမှနှုတ်ထွက်ရန် ဧရာကဗေဒါ ပြောက်ကျားအဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့က သတိပေးခဲ့သည်။

"အခုအချိန်မှာ သူသူငါငါ ဘယ်သူမှ အုပ်ကြီးမလုပ်ချင်ဘူး။ လုပ်ရင် မလွဲမရှောင်သာဘဲ လုပ်နေကြတာများပါတယ်" ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးအားလုံးကို ပြည်သူနှင့်အတူ ရပ်တည်ပေးရန်၊ ရာထူးက နှုတ်ထွက်ပေးကြရန်၊ စစ်ကောင်စီကို သတင်းပေးခြင်းများ လုံးဝမလုပ်ရန် ဖုန်းဆက်အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း "ဧရာကဗေဒါ" ပြောက်ကြားအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဘိုကလေးမြို့နေထိုင်သူ ဦးအောင်ကြီးက "ဧရာကဗေဒါအဖွဲ့က ပြောတဲ့အထဲမှာ အုပ်ကြီးတွေ သူတို့ပြောတာ မလိုက်နာရင် အသက်အာမခံချက် မရှိဘူးလို့လည်းပါတယ်" ဟု ပြောသည်။

"ဧရာကဗေဒါအဖွဲ့" နှင့် မော်ကျွန်း PDF တို့ ပူးပေါင်း၍ မော်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာစာရေးကို အောက်တိုဘာလ ၁၅ ရက်နေ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဧရာကဗေဒါအဖွဲ့က ကျည်ဆံနှင့်စာပို့ကာ သတိပေးခြင်းခံရသည့် မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာ ဗိုလ်ကြီးတစ်ဦး၏ မိခင်ဆိုသူ အုပ်ချုပ်ရေးမှူး ဒေါ်ရီမြင့်လည်း အောက်တိုဘာလ ၁၆ ရက်နေ့က ကျေးရွာမှ တိမ်းရှောင်သွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် PDF ပြောက်ကျားအဖွဲ့များက Mytel ဖုန်းတာဝါတိုင်များကို မိုင်းခွဲဖျက်ဆီးခြင်း၊ ဒလန်သုတ်သင်ရှင်းလင်းခြင်း၊ ရဲစခန်းများ၊ စစ်တပ်၏ ကင်းစခန်းများကိုလည်း ဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။

ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုများကို စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာနေသည်ဟု ဒေသခံများက ပြောသည်။

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...