သျှမ်းတောင် Non CDM ပညာရေးဝန်ထမ်း (၄၂) ဦးကို အထူးမွမ်းမံသင်တန်းတက်ရန် စစ်ကောင်စီညွှန်ကြား

သျှမ်းတောင် Non CDM ပညာရေးဝန်ထမ်း (၄၂) ဦးကို အထူးမွမ်းမံသင်တန်းတက်ရန် စစ်ကောင်စီညွှန်ကြား

သျှမ်းပြည် တောင်ပိုင်း မြို့ရွာများရှိ Non CDM ဆရာ၊ ဆရာမ (၄၂) ဦးကို ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် အခြေခံပညာ ဆရာ၊ ဆရာမ အထူးမွမ်းမံသင်တန်း တက်ရောက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ပညာရေးဝန်ကြီးက ညွှန်ကြားလိုက်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ (၂၁) ရက်နေ့တွင် သျှမ်းပြည် တောင်ပိုင်းမှ CDM မလုပ်ဆောင်သည့် Non CDM ဆရာ၊ ဆရာမ (၄၂) ဦးတို့သည် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် သတ်မှတ်နေရာများတွင် အရောက်လာကြရန် ပြည်နယ်ပညာရေးမှူးရုံး (တောင်ကြီး) က ညွှန်ကြားခဲ့သည်။

သျှမ်းပြည်တောင်ပိုင်းမှ Non CDM များအနက် ဆရာ၊ ဆရာမ (၄၂) ဦးသည် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သို့ (၂၀၂၁) ခုနှစ် အောက်တိုဘာလ (၂၂) ရက် မနက်ပိုင်းတွင် ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ခံနှင့်အတူ သွားရောက်ရန်အတွက် စုရပ်များတွင် အောက်တိုဘာလ (၂၁) ရက်နေ့မှာ ရောက်ရှိထားရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

သင်တန်းတက်ရောက်ရမည့် ဆရာ၊ ဆရာမများကို အောက်တိုဘာလ (၂၁) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် တောင်ကြီး အထက (၅) စိန်မြင်းမိုရ်ခန်းမတွင် ပြည်နယ်ပညာရေးမှ လမ်းညွှန်မှာကြားမည်ဟုလည်း အသိပေးထားကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...