သျှမ်းတောင် Non CDM ပညာရေးဝန်ထမ်း (၄၂) ဦးကို အထူးမွမ်းမံသင်တန်းတက်ရန် စစ်ကောင်စီညွှန်ကြား

သျှမ်းတောင် Non CDM ပညာရေးဝန်ထမ်း (၄၂) ဦးကို အထူးမွမ်းမံသင်တန်းတက်ရန် စစ်ကောင်စီညွှန်ကြား

သျှမ်းပြည် တောင်ပိုင်း မြို့ရွာများရှိ Non CDM ဆရာ၊ ဆရာမ (၄၂) ဦးကို ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် အခြေခံပညာ ဆရာ၊ ဆရာမ အထူးမွမ်းမံသင်တန်း တက်ရောက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ပညာရေးဝန်ကြီးက ညွှန်ကြားလိုက်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ (၂၁) ရက်နေ့တွင် သျှမ်းပြည် တောင်ပိုင်းမှ CDM မလုပ်ဆောင်သည့် Non CDM ဆရာ၊ ဆရာမ (၄၂) ဦးတို့သည် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် သတ်မှတ်နေရာများတွင် အရောက်လာကြရန် ပြည်နယ်ပညာရေးမှူးရုံး (တောင်ကြီး) က ညွှန်ကြားခဲ့သည်။

သျှမ်းပြည်တောင်ပိုင်းမှ Non CDM များအနက် ဆရာ၊ ဆရာမ (၄၂) ဦးသည် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သို့ (၂၀၂၁) ခုနှစ် အောက်တိုဘာလ (၂၂) ရက် မနက်ပိုင်းတွင် ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ခံနှင့်အတူ သွားရောက်ရန်အတွက် စုရပ်များတွင် အောက်တိုဘာလ (၂၁) ရက်နေ့မှာ ရောက်ရှိထားရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

သင်တန်းတက်ရောက်ရမည့် ဆရာ၊ ဆရာမများကို အောက်တိုဘာလ (၂၁) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် တောင်ကြီး အထက (၅) စိန်မြင်းမိုရ်ခန်းမတွင် ပြည်နယ်ပညာရေးမှ လမ်းညွှန်မှာကြားမည်ဟုလည်း အသိပေးထားကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...