ကိုဗစ်-၁၉ မြင့်တက်နေသည့် ပင်လောင်းမြို့ ဈေးနေ့တွင် လူစည်ကားလျက်ရှိ

ကိုဗစ်-၁၉ မြင့်တက်နေသည့် ပင်လောင်းမြို့ ဈေးနေ့တွင် လူစည်ကားလျက်ရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ယနေ့ (အောက်တိုဘာ ၁၈ ရက်) ဈေးနေ့တွင် လူများစည်ကားနေကြောင်း စုံစမ်းသိရသည်။

“အရမ်းများတယ်။ တိုးပြီးတောင်ဝင်ရတယ်။ ဒီနေ့ဈေးနေ့ဆိုတော့ ပိုများတယ်။ အထဲမှာဆိုပိုများတယ်။ တချို့က Mask မတပ်တဲ့သူတွေလည်း ပါတယ်” ဟု ပင်လောင်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော် ယနေ့ဈေးနေ့တွင် Mask မတပ်သူများကို ဈေးတွင်း ဝယ်ခွင့်မပြုကြောင်း၊ ကိုဗစ် ၁၉ ပိုး ရှိ၊ မရှိ စစ်ဆေးပေးပြီး ပိုးမရှိမှသာ ဈေးအတွင်း ဝယ်ခွင့်ပြုကြောင်း သိရသည်။

“Mask မတပ်လာတဲ့သူတွေကို ကိုဗစ် ပိုး ရှိ၊ မရှိ အပြင်မှာ စစ်ဆေးပေးတာ။ အထဲပေးမဝင်ဘူး။ စစ်ပြီးမှဝင်ရတာ။ Mask တပ်လာတဲ့သူတွေကိုတော့ တခြားတံခါးပေါက်ကနေ ပေးဝင်တာ” ဟု ပင်လောင်းမြို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မြင့်တက်နေချိန်ဖြစ်သော်လည်း လူစည်ကားလျက်ရှိကြောင်း၊ ဈေးလာဝယ်သူများသည် ‌‌ကျေးရွာဘက်က အများစုဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်း ပင်လောင်းမြို့နယ်တွင် မြို့ပေါ်မှာ ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းလာပြီး ကျေးရွာဘက်တွင် မြင့်တက်နေတာဖြစ်ကြောင်း၊ စျေးတွင် လူစည်ကားမှုကြောင့် ပိုးတွေ့ရှိသူ ပြန်တိုးလာမှာကို မြို့ပေါ်ကပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“အခုက မြို့ပေါ်တော့ ပိုးတွေ့မှုနှုန်းက ကျလာတယ်။ များလာတာက ရွာဘက်ကပေါ့။ ဒီနေ့ ဈေးနေ့က ရွာကလူများတော့ နောက်ဘယ်လိုလာမလဲတော့ မသိသေးဘူး။ လပြည့်နေ့လည်း ရောက်တော့မယ် ဆိုတော့လေ။ ရောဂါထပ်တိုးလာမှာကိုဘဲ ကျမတို့တော့ စိုးရိမ်တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပင်လောင်းမြို့တွင် ယခင်က စျေးများကို ပုံမှန်အားဖြင့် နေ့လည် (၂) နာရီထိသာ ဖွင့်ခွင့်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...