အမျိုးသမီးအုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရပြီး ထွက်ပြေးတိမ်းရှောင်

အမျိုးသမီးအုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရပြီး ထွက်ပြေးတိမ်းရှောင်

ဧရာဝတီတိုင်းမှ အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦး ခြိမ်းခြောက်ခံရသဖြင့် တိမ်းရှောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်ရီမြင့်ထံသို့ ဒေသခံ ပြောက်ကျား တပ်ဖွဲ့ဖြစ်သည့် “ဧရာကဗေဒါ” အဖွဲ့က ကျည်ဆံနှင့် ခြိမ်းခြောက်စာ ပေးပို့ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့တွင် ခြိမ်းခြောက်စာပေးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ရီမြင့်၏ သားမှာ အာဏာသိမ်းတပ်မတော်မှ တပ်ဖွဲ့ဝင် အရာရှိတစ်ဦးဖြစ်သည်။

”သူသားစစ်ဗိုလ်က လာခေါ်သွားတာ။ အခုလောလောဆယ်တော့ ရုံးစာရေးလည်း အသတ်ခံရတယ်။ အုပ်ချုပ်ရေးမှူးလည်း ပြေးပြီ” ဟု ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသည့် အမျိုးသမီးအုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီသတင်းပေးအဖြစ် လူပြောများနေသူဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်သူများအား ထောင်ထဲပို့ပစ်မည်ဟု ခြိမ်းခြောက်လေ့ရှိသူဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့က သေဆုံးခဲ့သည့် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးရုံး၏ ရပ်ကျေးစာရေး၊ စစ်ကောင်စီသတင်းပေးဆိုသူ ဦးအေးလွင်အား သတ်ဖြတ်ခဲ့မှုသည် ၎င်းတို့၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု ဒေသခံ ပြောက်ကျားတပ်ဖွဲ့ "ဧရာကဗေဒါအဖွဲ့" က သတင်းထုတ်ပြန်ခဲ့သည်။

ကျော်ဇံကျေးရွာအုပ်ချုပ်ရေးမှုး ဒေါ်ရီမြင့်သည့် ဧရာဝတီတိုင်းအတွင်း၌ ဒေသခံ ပြောက်ကျားတပ်ဖွဲ့၏ သတိပေးခံရသော ပထမဆုံးသော အမျိုးသမီး အုပ်ချုပ်ရေးမှူးဖြစ်သည်။

 
 

 

 

February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...