ပန်ဆိုင်းမြို့နယ် ကိုးကန့်နှင့် စစ်ကောင်စီတိုက်ပွဲကြောင့် ဒေသခံတစ်ဦး သေဆုံး

ပန်ဆိုင်းမြို့နယ် ကိုးကန့်နှင့် စစ်ကောင်စီတိုက်ပွဲကြောင့် ဒေသခံတစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မုံကိုးမြို့တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတို့တိုက်ပွဲကြောင့်‌ ပြည်သူတစ်ဦး ကျည်ထိသေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၁၇) နေ့လည် ၃ နာရီဝန်းကျင်က စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး သက်ကြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲဖြစ်ပြီး လူတစ်ယောက်သေသွားတယ်။ သူက အိုနေပြီလေ။ ကျည်စထိမှန်ပြီး သေသွားတာ။ တိုက်ပွဲက တော်တော်ပြင်းတယ်။ မနေ့က သူတို့တိုက်ပွဲဖြစ်တာ ၁ နာရီလောက်ရှိတယ်။ ဆက်တိုက်ဖြစ်နေတာ” ဟု ပန်ဆိုင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ည (၈) နာရီဝန်းကျင်တွင် ကိုးကန့်တပ်မတော် (MNDAA) တို့က ပန်ဆိုင်းမြို့နယ်ရဲစခန်းကို ထပ်မံသွားပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ည ၈ နာရီကျတော့ သူတို့ ရဲစခန်းကို ထပ်လာပစ်သွားတယ်။ ထိခိုက်သူတော့ မရှိဘူးလို့ကြားတယ်။ ဒါပေမဲ့ ပျက်ဆီးမှုတွေတော့ရှိတယ်။ နေ့လည်ကဖြစ်ပြီးတော့ ည ၈ နာရီမှာ ထပ်တခါ ရဲစခန်းကို လာပစ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတိုက်ပွဲကြောင့် ပန်ဆိုင်းဒေသခံ ၂ ဦး၊ မုံးကိုးဒေသခံ ၁၁ ဦး၊ ဖောင်းဆိုင် ၄ ဦး စုစုပေါင်း (၁၇) ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သျှမ်းမြောက် ပန်ဆိုင်းမြို့နယ်ဘက်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...