နမ့်ခမ်းမြို့နယ် တရုတ်ဘက်မှ နယ်မြေကျူးကျော် ခြံစည်းရိုးထပ်မံခတ်

နမ့်ခမ်းမြို့နယ် တရုတ်ဘက်မှ နယ်မြေကျူးကျော် ခြံစည်းရိုးထပ်မံခတ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်တွင် တရုတ်နိုင်ငံမှ ကိုဗစ်–၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီး နယ်မြေကျော်ကာ ခြံစည်းရိုးထပ်မံလာခတ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ (အောက်တိုဘာ ၁၈) တရုတ်နိုင်ငံမှ တတိယအထပ် ခြံစည်းရိုးကို ထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ ခြံစည်းရိုးလာခတ်တာ (၃)ထပ်လောက်ရှိနေပြီ။ အလယ်တခုက အရမ်းမြင့်တယ်။ ပေ ၂၀ လောက်ရှိတယ်။ အခုက တတိယတခု ထပ်လာခတ်တာ။ အရင်ကတည်းက ခတ်နေတာပဲ” ဟု နောင်ခမ်းကျေးရွာ ဒေသခံတဦးက ပြောသည်။

တရုတ်က နိုင်ငံကျူး‌ကျော်ဝင်ရောက်မှာကို စိုးရိမ်နေကြောင်း၊ ကိုဗစ်–၁၉ ရောဂါ ပြန့်ပွားမှုကိုအကြောင်းပြပြီး လာရောက်ခြံစည်းရိုးခတ်နေတာဖြစ်ကြောင်း သိရသည်။

“သူတို့ ခြံစည်းရိုးလာလာခတ်နေတာက သူတို့ နိုင်ငံထဲ ကျူးကျော်ဝင်သွားမှာကို စိုးရိမ်လို့ထင်တယ်။ ကိုဗစ်-၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီးတော့ဘဲ လာလာခတ်နေတာ။ အခုက တတိယအကြိမ် ထပ်လာခတ်တာ” ဟု နောင်ခမ်းကျေးရွာ ဒေသခံတဦးက ပြောသည်။

ထိုသို့ ခြံစည်းရိုးလာရောက်ခတ်သောကြောင့် ပြည်သူများအတွက် လယ်ယာလုပ်ကိုင်ရာတွင် အခက်ခဲများစွာရှိနေကြောင်း ဒေသခံများက ပြောသည်။

“ခက်ခဲတာပေါ့။ ကျနော်တို့ လယ်ယာမှာ လာခတ်တာလေ။ စိုက်ပျိုးတဲ့အခါ ခက်ခဲတာပေါ့။ သွားလာလို့ မလွယ်တော့ဘူးလေ။ သူတို့ ဒီလို ဆက်လာလုပ်နေရင် ကျနော်တို့ စားဝတ်နေရေးအတွက်က ခက်ခဲမှုများစွာ ရှိလာနိုင်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၁၂) ရက်နေ့တွင်လည်း တရုတ်နိုင်ငံက စည်းကျော်လာပြီး ဒုတိယအထပ် ခြံစည်းရိုးကို လာခတ်ခဲ့သောကြောင့် နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာမှ ဒေသခံတို့ သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...