ကော့ကရိတ်တောင်ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး

ကော့ကရိတ်တောင်ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အံကလော်ရွာဘက်တွင် နယ်မြေခံ ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား အောက်တိုဘာလ ၁၆ ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တစ်ဦး ထပ်မံကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အင်အား ၆၀ ခန့်သည် အာရှလမ်းမဘေး ကော့နွဲရွာမှ အံကလော်ရွာဘက် တက်သွားရာတွင် ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် ထိပ်တိုက်ဆုံကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက ”ဒီမနက် ၈ နာရီကျော်လောက်မှာ အံကလော်ရွာဘက်အပေါ် ချောင်းပျက်နားမှာပေါ့နော် တိုက်ပွဲဖြစ်တယ်။ ကော့ကရိတ်နဲ့ဆိုရင် တစ်မိုင်ကျော်လောက်ရှိမယ်။ သိရသလောက်ကတော့ စစ်တပ်က ၄ ယောက် ထိတယ်ပြောတယ်။ တစ်ယောက်သေသွားတာတော့ သေချာတယ်။ ဦးခေါင်းတည့်တည့်ထိသွားတာကိုး။” ဟု ပြောသည်။

စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ ခြေမြန်တပ်ရင်း -ခမရ ၅၅၆ ၊ ခမရ -၅၆၀ တပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် KNLA တပ်မဟာ (၆) တပ်ရင်း (၁၈) နှင့် ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သည့် DKBA ပူးပေါင်းတပ်ဖွဲ့တို့အကြားတွင် အောက်တိုဘာလ ၁၁ရက်နေ့မှ စ၍ ယနေ့အချိန်ထိ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးကျော်ကျဆုံးကာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်ဖွဲ့ သတင်းအရင်းအမြစ်ဘက်က ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်များသည် ကော့ကရိတ်-ကမိုင်ကုန်း၊ ကော့ကရိတ်-ရွာသစ်နှင့် ကော့ကရိတ်-ကော့နွဲ စသည့်လမ်းဆုံနေရာများတွင် အုပ်စုသုံးစုဖြင့်တပ်စွဲထားကာ ကော့ကရိတ်တောင်ပိုင်းကျေးရွာများသို့ လက်နက်ကြီး ကြိုကြား၊ ကြိုကြားပစ်ခတ်မှုကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုနှင့် အိမ်မွေတိစ္ဆာန်များ ကျည်စထိမှန် သေဆုံးမှုများရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...