မြဝတီတွင် ကျောင်းနေအရွယ်ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်

မြဝတီတွင် ကျောင်းနေအရွယ်ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်

ကရင်ပြည်နယ် မြဝတီမြို့တွင် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား ကျောင်းနေအရွယ်ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမည်ဟု သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးမှုအား ကျောင်းသားမိဘများနှင့် အများပြည်သူ ပူးပေါင်းပါဝင်မှုရှိစေရန် ယနေ့ နံနက်ပိုင်း မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အထက ၁ ကျောင်းရှေ့ ဘုရင့်နောင်လမ်းမပေါ်တွင် သက်ဆိုင်ရာမှ လက်ကမ်းစာစောင်များဖြန့်ဝေ၍ အသိပေးနှိုးဆော်ခြင်းများ လုပ်ဆောင်နေကြသည်။

“မနက်ဖြန် အောက်တိုဘာလ ၁၇ ရက်နေ့ မှာ စတင်ထိုးနှံပေးသွားမှာပါ။ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းအပ်နှံထားတဲ့ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကလေးငယ်တွေကို ပထမဦးစားပေးအနေဖြင့် ထိုးနှံပေးပါမယ်။ ၎င်းအပြင် ကျောင်းအပ်နှံမှု မပြုရသေးတဲ့ ပြင်ပမှ ကျောင်းနေအရွယ် ကလေးငယ်များကိုလည်း ဆက်လက်၍ ထိုးနှံပေးဖို့ လျာထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၅ ကြိမ်အထိ ဆောင်ရွက်ခဲ့ပြီဖြစ်ရာ ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့အထိ ကာကွယ်ဆေးထိုးပြီးသူ ၄၄,၈၇၀ ဦး ရှိခဲ့ပြီး ဆက်လက်၍လည်း ထိုးနှံပေးလျက်ရှိကြောင်း မြဝတီခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက ပြောသည်။

လက်ရှိ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှု မရှိသလောက် နည်းပါးလာပြီဖြစ်သော်လည်း ကျန်းမာရေးဌာနဗဟိုမှ Stay At Home နေထိုင်ရန် သတ်မှတ်ထားဆဲ ဖြစ်သလို ည ၈ နာရီနောက်ပိုင်း Lock Down အမိန့်ရှိနေသေးသည်။

လက်ရှိတွင် ယခင်ကလို ကိုဗစ်ရောဂါကူးစက်မှု နည်းပါးလာသော်လည်း အမိန့်ညွှန်ကြားချက်များ တည်ရှိနေဆဲဖြစ်သည့်အတွက် မြို့နေပြည်သူများအနေဖြင့် ပုံမှန်လုပ်ငန်းမလည်ပတ်နိုင်ကြသဖြင့် ရေရှည်တွင် စားဝတ်နေရေးအတွက် အခက်အခဲများရှိနေ၍ ဖြစ်နိုင်ပါက သက်ဆိုင်ရာမှ ထုတ်ပြန်ထားဆဲ အမိန့်ညွှန်ကြားချက်များကို ဖြေလျှော့ပေးစေသည်ဟု မြို့နေပြည်သူများက လိုလားနေကြသည်။

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...