ဝါးခယ်မရဲကင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ထိခိုက်မှုမရှိ

ဝါးခယ်မရဲကင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ထိခိုက်မှုမရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ရဲကင်းတစ်ခုတွင် အောက်တိုဘာ ၁၆ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

ဝါးခယ်မမြို့နယ်၊ ရွေလောင်းတံတားအဆင်းရှိ ရဲကင်းစခန်းကို မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုနှင့် ဝါးခယ်မမြို့နယ် STF (special task force) တို့က ဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရွှေလောင်းကျေးရွာ တံတားအဆင်းအတက်တွင် စစ်ဆေးသည့် ယာယီ ဝါး-ဓနိ ကင်းတဲတစ်ခုကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

"အဲ့ကင်းတဲက လူအမြဲစောင့်တဲ့ ကင်းတဲမဟုတ်ဘူး။ တစ်ခါတစ်လေပဲ စောင့်ကြတာဆိုတော့ လူမထိတာ" ဟု ရွှေလောင်းကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့က အင်အား ၂၀ ခန့်ဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံရသူ မရှိဘူးဟု ဒေသခံများက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ PDF တပ်ဖွဲ့များက ပုသိမ်မြို့ရှိ သင်္ဘောကျဉ်း နယ်မြေရဲစခန်းကို စက်တင်ဘာလ ဒုတိယအပတ်တုန်းက ဗုံးနှစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ယခုလ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မအူပင်မြို့မရဲစခန်းကို ဗုံးနှစ်လုံးခြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

ထိုဖောက်ခွဲ တိုက်ခိုက်မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟု ဒေသခံများကဆိုသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...