ဖျာပုံတွင် Mytel တာဝါ ဗုံးခွဲခံရ

ဖျာပုံတွင် Mytel တာဝါ ဗုံးခွဲခံရ

ဖျာပုံရှိ Mytel တာဝါတိုင်တစ်ခု အောက်တိုဘာလ ၁၇ ရက်နေ့က ဗုံးခွဲဖျက်ဆီးနိုင်ခဲ့သည်ဟု တိုင်းဧရာ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ် ၁၆ ရပ်ကွက်က Mytel ဖုန်းတာဝါတိုင်တစ်တိုင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ဗုံးခွဲဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။

တာဝါတိုင်အောက်ခြေရှိ ထရန်ဖော်မာ၊ ဝိုင်ဖိုင်ပုံး၊ ဝါယာကြိုးများ အပါအဝင် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ရုံး တာဝန်ရှိသူက ပြောသည်။

”ဗုံးက ဘာဗုံးလဲတော့ မပြောတတ်ဘူး။ မီးတော့တော်တော်လောင်တယ်။ အဲ့ဒီတော့ စက်တွေ အကုန်ပျက်စီးကုန်တယ်“ ဟု အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။  

မိုင်းခွဲခံလိုက်ရသော တာဝါတိုင်မှာ ဖျာပုံမြို့၊ အမှတ် ၆ ရပ်ကွက် သီရိတံခွန်လမ်း၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတွင် ရှိသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က ရပ်ကွက်နှင့် လမ်းများကို ပိတ်ဆို့စစ်ဆေးကာ မသင်္ကာသူများကိုလည်း ဖမ်းဆီးစစ် ဆေးနေသည်ဟု ဒေသခံအချို့က ပြောသည်။

"ဧရာဝတီတိုင်းထဲမှာ မိုင်တဲဖုန်းတာဝါတိုင် ဗုံးခွဲခံရတိုင်း စစ်တပ်သတင်းပေး ဒလန်သုတ်သင်ခံရတိုင်း မြို့တိုင်းမှာ အဖမ်းခံရတာတွေရှိနေတယ်" ဟု အသက် ၆၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်းဟောင်းတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလမှစတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ပုသိမ်၊ ကန်ကြီးထောင့်နှင့် ဖျာပုံ အပါအဝင် အခြားသောမြို့နယ်များရှိ Mytel ဖုန်းတာဝါတိုင် ၉ တိုင် မိုင်းခွဲ မီးရှို့ဖျက်ဆီးခံထားရသည်။

သို့သော် ကျိုက်လတ်မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များ ဗုံးထောင်ဖောက်ခွဲဖျက်ဆီးမှုများ အောင်မြင်မှုမရှိကြောင်း ကျိုက်လတ်နှင့် မော်လမြိုင်ကျွန်းမြို့က ဒေသခံများက ပြောသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...