ရပ်ကျေးစာရေးတစ်ဦး ပစ်သတ်ခံရ

ရပ်ကျေးစာရေးတစ်ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတစ်ဦး အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

မော်ကျွန်း-မအူပင်လမ်းမကြီးပေါ်ရှိ ကျိုက်ပိကျေးရွာအနီးတွင် နားထင်၌ သေနတ်ထိမှန်သည့်ဒဏ်ရာဖြင့် ရပ်/ကျေးစာရေး ဦးအေးသွင် ၄၀ နှစ်ခန့်၏ အလောင်းကို တွေ့ရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"လူပြတ်တဲ့နေရာမှာပစ်တာ။ နားထင်က ဒဏ်ရာတစ်ချက်တည်းဆိုတော့ တေ့ပစ်တာဖြစ်မယ်" ဟု ပြောသည်။

ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ဦးအေးသွင်စီးလာသည့် ဆိုင်ကယ်ကိုတားပြီး ပစ်သတ်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံထားသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးရုံးစာရေးဖြစ်သည့် ဦးအေးသွင်ကို ပစ်ခတ်သွားသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း အုပ်ချုပ်မှူးရုံးနှင့် နီးစပ်သူအချို့က ပြောသည်။

ကျော်ဇံကျေးရွာက ရပ်/ကျေးစာရေး ဦးအေးသွင်သည် စာရေးဝန်ထမ်းတစ်ဦးဖြစ်သော်လည်း CDM ဝန်ထမ်းများနှင့် စစ်တပ်ဆန့်ကျင်သူများကို ဖမ်းဆီးနိုင်ရန် စစ်တပ်ကို အမြဲသတင်းပေးနေသူတစ်ဦးဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသူများ မကြာခဏ သေနတ်ဖြင့် ပစ်ခတ်ခံရမှုများရှိနေပြီး ယခု မော်လမြိုင်ကျွန်းမြို့က ပစ်ခတ်မှုမှာ ၈ ကြိမ်မြောက်ဖြစ်ကာ ထိုသို့ ပစ်ခတ်ခံရမှုများကြောင့် သေဆုံးသူ ၆ ဦး၊ ဒဏ်ရာသူ ၂ ဦး ရှိပြီဟု ဒေသခံများက ပြောသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...