စက်သုံးဆီဆိုင်များ အခွန်တိုးမြှင့်ကောက်ခံမည်

စက်သုံးဆီဆိုင်များ အခွန်တိုးမြှင့်ကောက်ခံမည်

လာမည့်ဘဏ္ဏာနှစ်မှစတင်၍ စက်သုံးဆီဆိုင်များကို စစ်ကောင်စီက အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိသည့် စက်သုံးဆီဆိုင်များကို အဆင့် A၊ B၊ C ဟု အမျိုးအစားခွဲလိုက်ပြီး အဆင့်အလိုက် တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်သည်ဟု နေပြည်တော်ရှိ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

နေပြည်တော်က စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက “ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ ဝန်ထမ်းစရိတ်နဲ့ လျှပ်စစ်မီတာခနဲ့ ဆီဈေးကလည်း သိတဲ့အတိုင်း” ဟု ပြောသည်။

ယခင်က စွမ်းအင်လိုင်စင်ရှိ မည်သည့်ဆိုင်မဆို အခွန်ငွေ ကျပ် ၄ သိန်းသာဆောင်ရပြီး လာမည့်ဘဏ္ဏာနှစ်တွင် အခွန် ၄ ဆခန့် တိုးမြှင့်ပေးဆောင်ရဖွယ်ရှိသည်ဟု အဆိုပါ ဆီဆိုင်ပိုင်ရှင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်သုံးဆီဆိုင်အချို့ ပိတ်ထားရပြီး ယခုအတိုင်းသာ ရေရှည်ဖြစ်လာပါက SME စက်သုံးဆီဆိုင်အချို့ ဆက်ဖွင့်နိုင်တော့မည်မဟုတ်ဘူးဟု စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံတဝှမ်းတွင် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၀ ခုနှစ် ဇွန်လစတင်၍ ရေနံထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက်ဟုဆိုကာ ပုဂ္ဂလိက စက်သုံးဆီ ဖြန့်ဖြူရောင်းချခြင်းလုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...