ထားဝယ်ခရိုင် မြို့နယ်အချို့မှ နိုင်ငံခြားသားများထွက်ခွာရန် ညွှန်ကြား

ထားဝယ်ခရိုင် မြို့နယ်အချို့မှ နိုင်ငံခြားသားများထွက်ခွာရန် ညွှန်ကြား

လုံခြုံရေးအခြေအနေ စိုးရိမ်ရသဖြင့် ထားဝယ်ခရိုင်အတွင်း နေထိုင်ကြသည့် နိုင်ငံခြားသားများကို ထွက်ခွာပေးရန် ညွန်ကြားထားသည်ဟု တနင်္သာရီတိုင်းကောင်စီ လူမှုရေးဝန်ကြီးက ပြောသည်။

ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များမှ နိုင်ငံခြားသားများ ထွက်ခွာရန် အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်ဟု တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လောင်းလုံးမြို့တွင် နေထိုင်သူ နိုင်ငံခြားဘာသာ စကားပြန်လုပ်ကိုင်နေသူတစ်ဦးက “တိုင်းကောင်စီက အမေရိကန် နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ သတ်မှတ်မြို့နယ်ထဲက အမြန်ထွက်ခွာသွားဖို့ လာအကြောင်းကြားလို့ အတော်များများ ပြန်သွားကြပြီ“ ဟု ပြောသည်။

အဆိုပါ သုံးမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းကုမ္ပဏီများ ထူထောင်ကာ နိုင်ငံခြားသားများ အခြေချနေထိုင်လျက်ရှိသည်။

နိုင်ငံကူးလက်မှတ်-passport သက်တမ်း မကုန်သေးသူ နိုင်ငံခြားသားများအနေဖြင့် ယင်းသုံးမြို့နယ်မှလွဲ၍ အခြားမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်၍ရကြောင်း ဦးယဉ်ထွေးက ပြောသည်။

နိုင်ငံခြားသားများ ထွက်ခွာရန် အချိန်သတ်မှတ်ထားခြင်းမရှိသော်လည်း အမြန်ဆုံးထွက်ခွာပေးရမည်ဖြစ်ကြောင်း ဦးယဉ်ထွေးကပြောသည်။

သရက်ချောင်းမြို့နယ်အတွင်း နယ်မြေခံ TYC-PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား မကြာခဏ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားလျက်ရှိနေပြီး လောင်းလုံးနှင့် ထားဝယ်မြို့နယ်တို့တွင်လည်း ပေါက်ကွဲမှုများ၊ အသတ်ခံရသည့်အမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

နိုင်ငံခြားသားများ၏ လုံခြုံရေးအာမခံချက်မရှိဟုဆိုကာ အမေရိကန်သံရုံးကလည်း ယင်းနေရာသုံးနေရာက ၎င်းတို့၏ နိုင်ငံသားများကို အမြန်ဆုံးထွက်ခွာကြဖို့ အောက်တိုဘာလ ၁၄ ရက်က သတိပေးချက် ထုတ်ပြန်ထားသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...