မူဆယ် နန်းတော်ဂိတ်ပေါက်မှ ပြည်တော်ပြန် (၃၀၀) ကျော် ထပ်မံဝင်ရောက်

မူဆယ် နန်းတော်ဂိတ်ပေါက်မှ ပြည်တော်ပြန် (၃၀၀) ကျော် ထပ်မံဝင်ရောက်

သျှမ်းမြောက် မူဆယ်မြို့နယ် နန်းတော်ဂိတ်ပေါက်တွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် တရုတ်ပြည်မှ ပြန်ဝင်လာသူ (၃၀၀) ကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာ ၁၃) ရက်နေ့တွင်လည်း ပြည်တော်ပြန် (၃၀၀) ကျော်ရှိပြီး ယနေ့ ထပ်မံဝင်ရောက်ခဲ့တာဖြစ်ကြောင်း ပြည်တော်ပြန်များကို ကူညီရေးဆောင်ရွက်နေသည့်အဖွဲ့ထံမှ သိရသည်။

“ဒီနေ့ထပ်ဝင်လာတာ (၃၀၀) ကျော်၊ မနေ့ကလည်းဝင်တယ်၊ ကျနော်တို့ကတော့ ဒီဝင်လာတဲ့သူတွေ ပြန်ဖို့အတွက် ကူညီတာပေါ့၊ တချို့ လမ်းစရိတ်မရှိတာတွေလည်း ရှိနေတယ် ဆိုတော့ ထောက်ပံ့ပေး ရတယ်၊ ဆယ်သွယ်ပေးရတာပေါ့၊ ကျယ်ကောင်၊ ရွှေလီမှာ နေတဲ့သူတွေပါ” ဟု လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ထပ်မံဝင်ရောက်လာသူများမှာ ကျား (၁၇၃) ဦး၊ မ (၁၃၉) ဦး စုစုပေါင်း (၃၁၂) ဦးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၆) ရက်နေ့မှစပြီး တရုတ်ပြည်ဘက်က မြန်မာနိုင်ငံသားများကို တရားဝင် ပြန်ခွင့်ပြုထားခဲ့ကာ (၂) လကျော်ကာလအတွင်း မူဆယ်မြို့နယ် နန်းတော်ဂိတ်ပေါက်မှ ပြည်တော်ပြန်ဝင်ရောက်လာသူ (၁၂၈၂၆) ဦးရှိခဲ့ကြောင်း သိရှိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...