လားရှိုးမြို့နယ်တွင်း ကိုဗစ်-၁၉ မစစ်ဆေးပါက ဒဏ်ငွေရိုက်မည်ဟုဆို

လားရှိုးမြို့နယ်တွင်း ကိုဗစ်-၁၉ မစစ်ဆေးပါက ဒဏ်ငွေရိုက်မည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုပိတ်‌ကျေးရွာအုပ်စုထဲတွင် ကိုဗစ်-၁၉ ပိုးမစစ်ဆေးပါက ဒဏ်ငွေရိုက်မှုပြုလုပ်ကြောင်း သတင်းရရှိသည်။

ဟိုပိတ်ကျေးရွာအုပ်စုထဲ ဥက္ကဌနှင့် ရွာသူကြီးများက ပြည်သူများအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးခိုင်းပြီး၊ မစစ်ဆေးပါက ဒဏ်ငွေ (သို့မဟုတ်) ရိုက်ဒဏ်ခံရမည်ဖြစ်သောကြောင့် ပြည်သူများက သွားရောက်စစ်ဆေးရကြောင်း သိရသည်။

“ကိုဗစ်-၁၉ ပိုးရှိမရှိဆိုပြီး စစ်ဆေးခိုင်းတာတဲ့။ မစစ်တဲ့သူတွေကို ပိုက်ဆံကောက်တာ၊ ရိုက်တာတွေရှိတယ်။ တချို့က လယ်ထဲမှာဘဲ သွားနေတဲ့သူရှိတယ်။ သူတို့ကဘယ်မှာ မသွားတဲ့သူကိုလည်း မရရအောင်ခေါ်စစ်တယ်။ စစ်ပြီးတော့ ကိုဗစ်ပိုးရှိလာ၊ မရှိလားလည်း အဖြေမပေးကြည့်ဘူး” ဟု လားရှိုးမြို့နယ်အတွင်းနေထိုင်သည့် ဘုန်းကြီးတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ထိုသို့ ကိုဗစ်-၁၉ ပိုးစစ်ဆေးပြီးနောက်ပိုင်း Quarantine သွားရောက်ဝင်ရသူများရှိပြီး၊ တချို့တွင် တစ်မိသားစုလုံး သွားရကြောင်း၊ Quarantine ဝင်ချိန်တွင် နေအိမ်အတွက် ဥက္ကဌဘက်မှ တာဝန်မယူပေးနိုင်ကြောင်း ဒေသခံတဦးက ပြောသည်။

“စစ်ပြီး အဖြေပေးမကြည့်တာကို လက်မခံနိုင်တာ။ ပိုးရှိပြီး သွားရရင်လည်း ကျမတို့သွားမှာပါ။ အခုက ပိုးရှိလား၊ မရှိဘူးလား မသိရဘူး။ တချို့ဆို Quarantine တစ်အိမ်လုံးသွားဝင်ရတယ်။ သွားဝင်ရတော့ နေအိမ်မှာ ဘာဖြစ်မလဲမသိရတော့ ဥက္ကဌတွေဘက်ကလည်း တာဝန်မယူပေးနိုင်ဘူးလို့ပြောတယ်။” ဟု ဟိုပိတ်ကျေးရွာအုပ်စုထဲတွင် နေထိုင်သည့်သူက ပြောသည်။

ကိုဗစ်-၁၉ ပိုးစစ်ဆေးပြီးနောက်ပိုင်း Quarantine သွားရောက်သူ အများအပြာရှိနေပြီးဖြစ်ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...