လားရှိုး–လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များ စစ်ကောင်စီ ဂိတ်ကြေးအဆမတန်တောင်း

လားရှိုး–လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များ စစ်ကောင်စီ ဂိတ်ကြေးအဆမတန်တောင်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့-လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အခွန်ခကို အဆမတန် ကောက်ခံယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်-၁၉ ကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောက်ကိုင်သွားလမ်းဘက်တွင် စစ်ဆေးရေးတင်းကြပ်ပြီး၊ တဂိတ်လျှင် ယွမ် ၂၀၀ (မြန်မာကျပ်ငွေ ပေါက်ဈေး ၄ သောင်း) ထိ ပေးဆောင်ရပြီး၊ ထိုလမ်းပေါ်တွင် ဂိတ် (၆) ခုကျော်ခန့်ရှိကြေင်း သိရသည်။

“လမ်းမှာ ဘာဂိတ်ညာဂိတ်တွေရှိတယ်။ အဲမှာ သူတို့တွေ စစ်ဆေးပြီးတော့ ပိုက်ဆံကောက်တာ။ တစ်ဂိတ်ကို တရုတ်ငွေ ယွမ် (၂၀၀) လောက်ထိပေးရတာရှိတယ်။ အရမ်းကိုများလာတော့ ကျနော်တို့လည်း ခရီးသည်တွေဆီမှာ ကားစရိတ်ကို ပိုတောင်းတယ်” ဟု လားရှိုး လောက်ကိုင် ကားပြေးဆွဲနေသည့်သူက ပြောသည်။

လားရှိုး–လောက်ကိုင် အသွားလမ်းများကို ယခင် ကားခ ခရီးသည်တဦးလျှင် (၁၅၀၀၀) ခွဲသာကျသင့်ပြီး လက်ရှိတွင် ခရီးသည်တဦးလျှင် (၄) သိန်းခွဲကျပ်ပေးဆောင်ရကြောင်း သိရသည်။

“အရင်ကတော့ လားရှိုးကနေ လောက်ကိုင်ကို ၁ သောင်းခွဲလောက်ပဲ။ အခုက ရဲတွေက ပိုက်ဆံတောင်းလာတော့ ကျနော်တို့လည်း ခရီးသည်တွေဆီမှာတောင်းရတာပေါ့။ တယောက်ကို (၄) သိန်းခွဲလောက်ရှိတယ်။ အသွားလာတော့နည်းသွားတယ်“ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ပိုးကူးစက်မှုများလာသောကြောင့် ချင်းရွှေဟော် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ကုန်စည်ဈေးနှုန်းများ၊ ဓာတ်ဆီဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်လာနေလျက်ရှိကြောင်းသိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...