ကော့ကရိတ်တောင်ပိုင်း ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ ၇ ဦးရှိ

ကော့ကရိတ်တောင်ပိုင်း ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ ၇ ဦးရှိ

ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်ကျေးရွာဘက်တွင် အောက်တိုဘာလ ၁၂ ရက် ဖြစ်ပွားသည့် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြားပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး သူ ၇ ဦးရှိသည်ဟု ကရင်လက်နက်ကိုင်အဖွဲ့နှင့်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ကော့ကရိတ်တောင်ပိုင်း အာရှလမ်း ကျိုက်ဒုံလမ်းခွဲနှင့် ကော့နွဲရွာကြား ထန်းကုန်းရှိ စစ်ကောင်စီတပ် ခမရ ၅၅၆ တပ်ရင်းသည် ရွာသစ်ကျေးရွာဘက်ရှိ KNLA တပ်ရင်း ၁၈ နှင့် DKBA ခွဲထွက်အဖွဲ့တို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နေကုန် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု ကရင်လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ယခုလိုပြောသည်။

”ဒီနေ့ မနက် ၁၁ နာရီလောက်စပြီးတော့ တစ်နေကုန်ပစ်ကြတယ်။ နောက်ဆုံးသိရသလောက်ကတော့ သူတို့ (စစ်ကောင်စီတပ်) ဘက်က ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူက ၄ ယောက်လောက် ရှိတယ်ပေါ့နော်။ အားလုံး ၇ ယောက်ပေါ့။ ရွာသားတွေကိုတော့ ထိခိုက်တာတို့မရှိဘူး။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်တပ်ဖွဲ့သည် KNLA တပ်မဟာ ၆ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်မှုကြောင့် ယခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ကော့ကရိတ်တောင်းပိုင်း ပစ်ခတ်မှုနှင့်ပတ်သက်၍ DKBA ခွဲထွက်အဖွဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောကျော်သက်က ”ဒီစစ်တပ်က ညွှန်ကြားချက်တစ်ခုခုနဲ့ ကျူးကျော်ဝင်ရောက်လာတဲ့သဘောတော့ဖြစ်တယ်။ ဒီကနေ့ တစ်နေကုန်ဖြစ်တယ်။ အခုထိ စစ်တပ်က အဲဒီနေရာမှာ နေရာယူပြီး ပစ်ခတ်နေတုန်းပါပဲ။“ ဟု ကေအိုင်စီသို့ ညနေ ၅ နာရီခွဲအချိန်တွင် ပြောသည်။

ထိုပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ၏ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိသလို အနီးအနားရှိ ဒေသခံများလည်း ဘေးကင်းလုံခြုံရာအသိမိတ်ဆွေနေအိမ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကော့နွဲနှင့် ရွာသစ်အပါအဝင် အနီးအနားရှိကျေးရွာများတွင် စစ်ကောင်စီတပ် ပေါ်တာဖမ်းမည့်သတင်းကြောင့် ဒေသခံအမျိုးသားများမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်မှုရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...