စစ်ရေးတင်းမာမှုကြောင့် နေရပ်မပြန် မိုင်းကိုင်စစ်ရှောင်များ စောင်လိုအပ်နေ

စစ်ရေးတင်းမာမှုကြောင့် နေရပ်မပြန် မိုင်းကိုင်စစ်ရှောင်များ စောင်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသဖြင့် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များအတွက် စောင်အထူများ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုနှင့် ဟမ်းငိုင်းကျေးရွာအုပ်စုတို့မှာ ကျေးရွာပေါင်း (၂၀) ခန့် ထွက်ပြေးခဲ့ရပြီး စစ်ရှောင် (၃၂၀၀) ကျော် ရှိထားကြောင်းသိရသည်။

“ဆောင်းဝင်လာပြီဆိုတော့ ဒီနေ့မနက် တော်တော်အေးလာတယ်။ စစ်ရှောင်တွေ အိမ်မပြန်ရသေးရင် စားစရာတွေအပြင် စောင်အထူတွေလည်း လိုအပ်လာမယ်။ ကွင်းပြင်က မိုးကာတဲအောက်မှာ နေရတာဆိုတော့ ပိုအေးမှာပဲ” ပန်ကေတု ကျေးရွာစစ်ရှောင် ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိချန်ထိ သျှမ်းတပ် (၂) တပ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ (၃) ရက် (၄) ရက်က ပြန်သွားတဲ့ သူတွေက ဟိုခဲကျေးရွာအုပ်စုက ဒေသခံတွေပဲ။ အဲ့ဘက်တော့ တိုက်ပွဲတော့ ငြိမ်သွားပြီလို့ ပြောလို့ရတာပေ့ါ။ ခုကျန်နေတဲ့ စစ်ရှောင်တွေက ပန်ကေတုကျေးရွာအုပ်စုထဲက ကျေးရွာတွေနဲ့ ဟမ်းငိုင်းကျေးရွာအုပ်စုထဲက ကျေးရွာတွေ ဖြစ်တယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ပန်ကေတုကျေးရွာမှာ စစ်ရှောင်များ (၂၂၃၃) ဦးရှိထားပြီး ဟမ်းငိုင်းကျေးရွာမှာ စစ်ရှောင် (၉၈၈) ဦး ရှိထားကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်များ စက်တင်ဘာ (၁၄) ရက်မှစပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် တစ်လနီးပါး ရှိပေမယ့် စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်ပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်း၊ မြေမြုပ်မိုင်း (၂) ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်းရှိခဲ့ကြောင်း သိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...