အမှုရုပ်သိမ်းပေးမည်ဟု ကြေညာချက်ကြောင့် နေအိမ်ပြန်လာသူ ဖမ်းခံရ

အမှုရုပ်သိမ်းပေးမည်ဟု ကြေညာချက်ကြောင့် နေအိမ်ပြန်လာသူ ဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး စစ်ကောင်စီက (၅၀၅) ဖြင့် ဖမ်းဝရမ်းထုတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် နေအိမ်သို့လာပြီး ပရဟိတလုပ်နေစဉ် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည့် ဦးစံဝင်းမောင်ကို အောက်တိုဘာ (၁၁) ရက်နေ့ညက ၎င်း၏ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

“ဖမ်းဆီးသွားတာ ဟုတ်ပါတယ်။ ဘယ်မှာ ဖမ်းသွားမှန်းတော့ မသိရသေးဘူး” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ဦးစံဝင်းမောင် ထွက်ပြေးတိမ်းရှောင်စဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာချက်အရ ရဲတပ်ဖွဲ့ဆက်သွယ်ပြီး နေအိမ်သို့ပြန်လာပြီး မေတ္တာရောင်ခြည် ပရဟိတအသင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့ ဆန္ဒပြပွဲများကို ဦးဆောင်သူဟု အမှုဖွင့်ခံထားရပြီး ဖေဖော်ဝါရီလကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းကိုလာရှာစဉ် မတွေ့သဖြင့် အမျိုးသမီးဖြစ်သူကို ဖမ်းဆီးသွားခဲ့သည်။

လက်ရှိ ဦးစံဝင်းမောင်၏ အမျိုးသမီးသည် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) မှာ ယခုချိန်ထိ ဖမ်းခံထားရကြောင်း သိရှိရသည်။

ဦးစံဝင်းမောင်သည် ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူတဦးလည်းဖြစ်သည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...