နမ့်လန်မြို့နယ်အတွင်း နေအိမ်တစ်လုံးမီးလောင်

နမ့်လန်မြို့နယ်အတွင်း နေအိမ်တစ်လုံးမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ်အတွင်းရှိ ဝမ်မွမ်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ ရက်နေ့ ဝန်းကျင်တွင် နမ့်လန်မြို့နှင့် ၅ မိုင်ခန့်ကွာဝေးသည့် ဝမ်မွမ်းကျေးရွာတွင် နေအိမ်တစ်လုံးကို မီလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တစ်အိမ်လုံး မီးထဲ ပါသွားကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာကြောင့်မီးလောင်ရတာလဲတော့ မသိရသေးပါဘူး၊ တစ်အိမ်လုံးက မီးထဲပါသွားတယ်၊ ဘာပစ္စည်းမှမရလိုက်ဘူး၊ လူနဲ့ တိရိစ္ဆာန်ထိခိုက်မှုတော့ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နေအိမ်မီးလောင်မှုအကြောင်းရင်းကို စုံစမ်းနေလျက်ရှိပြီး မီးသတ်တပ်ဖွဲ့နှင့် အဖြူစင်နှလုံးသား လူမှုကူညီရေးအသင်းတို့က လာရောက်ပြီး ကူညီမီးငြိမ်းသတ်ခဲ့ကြောင်းလည်း သတင်းသိရသည်။

ဝမ်မွမ်းကျေးရွာသည် နမ့်လန်မြို့နှင့် ၅ မိုင်ခန့်ကွာဝေးပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာဖြစ်သည့်အတွက် လျှပ်စစ်ဝါယာကြိုးမှ တခြားသော နေရာအိမ်များကို ကူးစက်ခြင်းမရှိသော်လည်း မီးလောင်ကျွမ်းသည့် နေအိမ်မှ ဆုံးရှုံးမှုပမာဏများကိုလည်း မသိရသေးကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...