ကျောက်မဲ အထက်ရဲရွာရေအားလျှစ်စစ်ဝန်ထမ်း (၅၅) ဦး ကိုဗစ်ပိုးတွေ့

ကျောက်မဲ အထက်ရဲရွာရေအားလျှစ်စစ်ဝန်ထမ်း (၅၅) ဦး ကိုဗစ်ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ခြေကျေးရွာအနီးရှိ အထက်ရဲရွာရေအားလျှစ်စစ်စက်ရုံမှ ဝန်ထမ်း (၅၅) ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၁၁) ရက် ယမန်နေ့က အထက်ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ဝန်ထမ်း (၂၅၀) ကျော်အား RDT Test Kit ဖြင့် စစ်ဆေးရာ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် ဝန်ထမ်း (၅၅) ဦးထံမှ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

“မနေ့က ဝန်ထမ်းအားလုံး ကို စစ်လိုက်တာ၊ ပိုးတွေ့တာက (၅၅) ယောက်ရှိတယ်၊ အဲ့ထဲမှာ ကိုယ်ဝန်သည် တစ်ယောက်ပါတယ်၊ သူ့ကို လားရှိုးပို့ပေးလိုက်ပြီ” ဟု နောင်ပိန်ကျေးရွာမှ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကူးစက်လူနာများအား နောင်ပိန်ကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် ဓမ္မာရုံသို့တွင် သယ်ဆောင် ထားရှိခဲ့တာဖြစ်ကြောင်း၊ အောက်တိုဘာ ၁၂ ညနေပိုင်းတွင် ပိုးတွေ့လူနာ (၄၉) ဦးအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သူတို့ကို နောင်ပိန်တိုက်နယ်ဆေးရုံကို သယ်လာတာ၊ ဒီမှာက နေရာမဆံ့တော့ ဓမ္မာရုံမှာ သွားထားရတယ်၊ အဲ့မှာက လူနေအိမ်နဲ့ နီးတော့ အဆင်ပြေတာတွေရှိလို့ ဒီနေ့ နေ့လည်မှာ ကျောက်မဲဆေးရုံကို ပြန်ပို့လိုက်တယ်” ဟု အထက်ပါ ပရဟိတအသင်းဝင်က ပြောသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်ကူးစက်လူနာ မြင့်တက်နေဆဲဖြစ်ပြီး ယခုလအတွင်း ကျေးရွာများတွင် ဒေသခံအစုလိုက် ကိုဗစ်ကူးစက်ခံရမှု ပိုမိုများလာကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ အစုလိုက် ကူးစက်ခံရခြင်းသည် ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရွာတွေမှာက စည်းကမ်းလိုက်နာမှု အရမ်းကို အားနည်းတာ၊ ဘယ်လိုပြောပြော လိုက်မလုပ်ကျဘူး၊ ကျနော်တို့တွေ ရွာထိသွားပြီး အသိပညာပေးတယ်၊ ပြောပြတယ်၊ ဒါပေမယ့် လိုက်မလုပ်ကြဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပုံဝိုးကျေးရွာမှာလည်း (၁၀၀) ကျော် ပိုးတွေ့ခဲ့တယ်” ဟု နောင်ပိန်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း အောက်တိုဘာ ၁၂ အထိ ကိုဗစ်ကူးစက်ခံရသူ (၁၆၀၀) ကျော်ထိ ရှိနေပြီး၊ ဆေးရုံဆင်းခွင့်ရသူ (၁၄၀၀) ကျော်နှင့် သေဆုံးသူ (၈၆) ဦးရှိနေကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...