ဖမ်းဆီးခံရသည့် ဟိုပုံးလူငယ် (၈) ဦးကို စစ်ကောင်စီမှ ငွေဖြင့်လာထုတ်ခိုင်း

ဖမ်းဆီးခံရသည့် ဟိုပုံးလူငယ် (၈) ဦးကို စစ်ကောင်စီမှ ငွေဖြင့်လာထုတ်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့တွင် လူငယ် (၈) ဦးကို နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး ငွေဖြင့် ပြန်လာထုတ်ခိုင်းကြောင်း ဒေသခံများသတင်းပေးပို့ချက်အရ သတင်းရရှိသည်။

ထို လူငယ် (၈) ဦးကို အောက်တိုဘာ (၈) ည ၁၂ နာရီဝန်းကျင်တွင် မူးယစ်ဆေးသုံးသည်ဟုဆိုပြီး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုသူ (၈) ဦး၏ မိဘများကို ငွေဖြင့် လာညှိနှိုင်းခိုင်းပြီး၊ ငွေပေးသည့်သူများ ပြန်လွှတ်ပေးမည်ဟု ဒေသခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူးယစ်ဆေးဝါးသုံးလို့ ဆိုပြီးတော့ (၈) ယောက်ဖမ်းသွားတယ်။ နောက်နေ့ရောက်‌တော့ သူတို့ မိဘတွေကနေ ပိုက်ဆံနဲ့ လာညှိခိုင်းပြီး ပြန်လာထုတ်ခိုင်းတယ်။ ထောင်မကျစေချင်ရင် လာညှိလို့ပြောတယ်” ဟု ဟိုပုံးမြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ယခု ရက်ပိုင်းတွင် ဟိုပုံးမြို့ ညအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်မည်ဟုဆိုကာ လူငယ်တွေကို လိုက်လံဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

“သူတို့ ဒီလို ည ဧည့်စာရင်းတွေ စစ်နေပြီးတော့ လိုက်လံဖမ်းနေတာ။ ပြီးရင်ငွေတောင်းတယ်။ ငွေနဲ့ ပြန်သွား ထုတ်ခိုင်းတာ။ ဖမ်းခံရတာ (၁၀) ယောက်လောက်ရှိနေပြီး။ သွားထုတ်ပေးတာတော့ မရှိသေးသလိုပဲ။ သူတို့ ဘယ်လောက်တောင်းလဲ မသိရဘူး” ဟု ဟိုပုံးမြို့ ဒေသခံ တဦးက ပြောသည်။

အလားတူ ဖမ်းခံထားရသည့်သူ (၈) ဦးကိုလည်း ယနေ့ထိတိုင်း ပြန်လွှတ်လာပေးခြင်း မရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ‌စစ်ကောင်စီ တပ်ဖွဲ့မှ ပြည်သူ (၁၁၆၁) သတ်ဖြတ်ခဲ့ပြီး (၈၈၃၅) ကို ဖမ်းဆီးထားကြောင့် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...