နမ္မတူ စားဝတ်နေရေးခက်ခဲမှုကြောင့် လူငယ်များ ခိုးမှု၊ ဓားပြတိုက်မှု ပိုများလာ

နမ္မတူ စားဝတ်နေရေးခက်ခဲမှုကြောင့် လူငယ်များ ခိုးမှု၊ ဓားပြတိုက်မှု ပိုများလာ

သျှမ်းမြောက် နမ္မတူမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးခက်ခဲမှုများကြောင့် ဒေသခံလူငယ်များ ခိုးမှု၊ ဓားပြတိုက်မှုကျူးလွန်တာ ပိုများလာကြောင်း သတင်းရရှိသည်။

နမ္မတူတွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းတွေအပြင် မူးယစ်ဆေးဝါး ပျံ့နှံ့နေခြင်းတို့ကြောင့် ခိုးမှု၊ ဓားပြတိုက်မှု ပိုမိုများလာကြောင်း ဒေသခံများက ပြောသည်။

“အဓိကတော့ စားဝတ်နေရေးခက်ခဲတာပေါ့၊ ကိုဗစ်ကြောင့်လည်းပါတယ်၊ ကုန်ဈေးနှုန်းလည်းတက်တော့ ရှာဖွေစားသောက်ရတာ မလွယ်တော့ဘူး၊ ဓါးထောက်ပြီး ဆိုင်ကယ်လုသွားတဲ့ လူငယ်တွေဆို ဒီမြို့က ဒေသခံတွေပဲ၊ အသက်လည်း ငယ်သေးတယ်၊ (၂၀) ဝန်းကျင်ပဲရှိတယ်” ဟု နမ္မတူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူတွင် ယခုနှစ်အတွင်း ဓားပြတိုက်လုယက်မှု (၃) ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆိုင်ကယ်နှင့် ဖုန်း ဓားပြတိုက်မှု၊ မြို့တွင်းမှာ ဖုန်းလုယူထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၇) ရက်နေ့က အဆိုပါ ဓားပြတိုက်လုယက်မှုပြုလုပ်နေသည့် လူငယ်အဖွဲ့ထဲမှ (၅) ဦးကို ဖမ်းမိထားပြီး (၃) ဦးခန့် လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့အဖွဲ့ထဲက (၅) ယောက်တော့ မိထားပြီ၊ မိဘမဲ့ ကောင်လေးတစ်ယောက်ပါတယ်၊ ရပ်ကွက် ၅ ထဲမှာနေတဲ့ တစ်ယောက်ကတော့ အသက် (၂၇) လောက်တော့ရှိပြီ၊ သူကတော့ တော်တော်ပျက်စီးနေတယ်၊ မူးယစ်ဆေးဝါးနဲ့လည်း ဆက်နွယ်နေတယ်လို့ကြားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ထိုလူငယ်အများစုမှာ အသက် ၁၆၊ ၁၇၊ ၁၈ နှစ် ဝန်းကျင်သာဖြစ်ပြီး ဓားပြတိုက်ယူထားသည့် ဆိုင်ကယ်အား မြို့တွင်းတစ်နေရာတွင် သွားပေါင်ထားကြောင်း၊ ထို့နောက် ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်း Lock သွားဖွင့်ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရသည်။

 
 

 

 

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...