ရိက္ခာပြန်ယူတဲ့ ခြောက်မိုင်ဒေသခံတစ်ဦး အသတ်ခံရ

ရိက္ခာပြန်ယူတဲ့ ခြောက်မိုင်ဒေသခံတစ်ဦး အသတ်ခံရ
KNDF B 09 (Facebook Page)
KNDF B 09 (Facebook Page)

အောက်တိုဘာလ (၉) ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက ရိက္ခာပြန်လာယူတဲ့ ခြောက်မိုင်ဒေသခံ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကတော့ အသတ်ခံခဲ့ရတယ်လို့ အောက်တိုဘာ ၉ ရက်နေ့ KNDF ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကျန်တစ်ဦးမှာတော့ ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေပြီလို့ သိရပါတယ်။

အခုလိုမျိုး ပြည်သူတွေ အသတ်ခံရတာ များလာတဲ့အပေါ် လက်မခံနိုင်ဘူးလို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒါကတော့ မဆိုင်တဲ့လူထုတွေကို စွပ်စွဲပြီးတော့ စစ်တပ်က သတ်နေတာ တော်တော်များနေပြီ ကျနောတို့ ပြည်နယ်မှာဆိုတော့ ဒီကိစ္စကို ကျနောတို့ လက်ခံလို့ မရဘူးပေါ့လေ။“

အာဏာသိမ်းကာလမှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာဆိုရင် ၇ ၀ကျော်ဝန်းကျင်ရှိသွားပြီဖြစ်ပါတယ်။

အခုချိန်မှာ စစ်ရေးတင်းမာလျက်ရှိနေတဲ့အတွက် ပြည်သူတွေ သတိနဲ့ နေပေးကြဖို့လည်း သူက ဆက်လက် အကြံပြုထားပါတယ်။

“ဒီဖက်မှာတော့ စစ်ရေးတင်းမာနေလျက်ရှိတယ်။ လက်ရှိ စစ်ကောင်စီနဲ့ ကျနောတို့ ကြားမှာတော့ စစ်ရေးပေါ့နော။ ဖရူဆိုဖက်ခြမ်းမှာတော့ စစ်ရေးတင်းတင်းမာမာရှိနေကြတယ်။ ဆိုတော့ တိုက်ပွဲကတော့ ဖြစ်လာနိုင်မယ့် အနေအထား မျိုးရှိတယ်ဆိုတော့ ကျနော ထပ်လောင်းပြီးတော့ ပြောပြချင်ပါတယ်။ လူထုတွေ သတိနဲ့နေပေးပေါ့။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့ လုပ်ဆောင်ထားသင့်တယ်လို့ ကျနော့အနေနဲ့ အကြံပြုချင်ပါတယ်။“

အောက်တိုဘာလ ၉ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ KNDF KA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စံပြခြောက်မိုင် ကျေးရွာမှာလည်း အကြမ်းဖက် စစ်ကောင်စီက ဒေသခံတွေကို ပစ်ခတ်ခဲ့တဲ့အတွက် KNDFနဲ့ ထိတွေ့တိုက်ပွဲ ၅ မိနစ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 
 

 

 

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...