ပေါင် လျှစ်စစ်ဌာနရုံးအတွင်း ဗုံးပေါက်

ပေါင် လျှစ်စစ်ဌာနရုံးအတွင်း ဗုံးပေါက်

သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်မှာရှိတဲ့ လျှပ်စစ်ဌာန EPC ရုံးဝန်းအတွင်း ဒီကနေ့ နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

" ဟုတ်တယ်၊ ဒီနေ့ မိုးမလင်းခင်ဝေလီဝေလင်းအချိန်လောက် EPC ရုံးထဲကို လက်ပစ်ဗုံးနဲ့လာပစ်သွင်းသွားတာ၊ ပေါက်ကွဲတယ်၊ ဘာမှတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရတယ်။ အခုတော့ ပုံမှန်အတိုင်းပဲ မီတာခ လာသွင်းနေတာပဲ" ဟု ပေါင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

EPC ရုံးရဲ့ လုပ်ဆောင်ချက်တွေက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏အလိုကျ မြို့နေပြည်သူလူထုများထံ အဆမတန်အတင်းအဓမ္မကောက်ခံခြင်းနဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်ခဲ့တဲ့အတွက် နောက်ဆုံးအနေနဲ့ သတိပေးဖောက်ခွဲ့ခဲ့လိုက်ခြင်းဖြစ်တယ်လို့ ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ထုတ်ပြန်ပါတယ်။

ပေါင်မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်များ ရရှိထားပြီး ရှေ့ဆက်စစ်ကောင်စီအလိုကျ ဆောင်ရွက်နေမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူမည်မဟုတ်ဘူးလို့ ဒေသခံ PDF တပ်ဖွဲ့က ဆိုပါတယ်။

အခုတလော ပေါင်မြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုများနဲ့ ဒလံသေဆုံးမှုများက မိမိတို့တော်လှန်ရေးအဖွဲ့အစည်းမှ လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့က ဖမ်းဆီးထားတဲ့သူတွေက သာမန်ပြည်သူလူထုတွေသာဖြစ်ကာ ၎င်းအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...