ပဥ္စမအကြိမ် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်၌ ချင်းဇတ်လမ်း (၂) ခု ပြသမည်

ပဥ္စမအကြိမ် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်၌ ချင်းဇတ်လမ်း (၂) ခု ပြသမည်
by -
ချင်းဝေါလ်
၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄-၁၉ အတွင်း ရန်ကုန်မြို့၌ ပြုလုပ်မည့်  လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်းဇတ်ကားပေါင်း (၃၅) ကားပြသမည်ဖြစ်ရာ၊ ချင်းမှတ်တမ်းရုပ် (၂) ခုလည်း ပါ၀င်မည်ဖြစ်သည်။

cw1203ယင်းတို့မှာ “ချင်းတောင်တန်းမှတောရိုင်းပန်း”  အမည်ရှိ မှတ်တမ်းရုပ်ရှင် နှင့် “တိမ် (Cloud)” အမည်ရှိ ဇတ်လမ်းများ ဖြစ်သည်။

“ချင်းတောင်တန်းမှတောရိုင်းပန်း” မှတ်တမ်းရုပ်ရှင်မှာ အင်္ဂလိပ်ဘာသာဖြင့် “Wild Flower from Chinland” ဖြစ်ပြီး၊ ချင်းပြည်နယ်-မင်းတပ်မြို့တွင် နေထိုင်သည့် Mai Nleeng Kee (မိုင်လိုင်းကီး) ၏ ဘဝဖြတ်သန်းမှုအား ပုံဖော်ချယ်မှုန်းထားသည်ဟု သိရသည်။

ဤဇာတ်လမ်းအား စီစဉ်သူ Ni Nu ချင်းအမျိုးသမီးအဖွဲ့မှ Mai Len Nei Cer က “ကျမအဖွဲ့ပြုလုပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်အပေါ် အခြေခံပြီး ချင်းအမျိုးသမီးတွေရဲ့လက်ရှိဘဝကို  ထင်ဟပ်ပေါ်လွင်စေဖို့ ရည်ရွယ်ရိုက်ကူးထားတာဖြစ်တယ်။ မိုင်လိုင်းကီးဟာ၂၀၁၅ ခုှနှစ်မှာ CNDP ကနေ မင်းတပ်မြို့နယ်မှာ ၀င်ရောက်အရွေးခံခဲ့ဖူးသလို၊ လက်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) မှာလည်း ဗဟိုကော်မတီဝင်တဦးဖြစ်ပါတယ်။ ချင်းဓလေ့ထုံးတမ်းနဲ့ ချင်းအမျိုးသမီးတွေရဲ့ဘဝ၊ အိမ်ထောင်ကွဲမိခင်တစ်ယောက်ရဲ့ မျှော်လင့်ချက်နဲ့ မလျှော့တဲ့အားမာန်၊ နိုင်ငံရေးလောကထဲဝင်ရောက်လာတဲ့ အမျိုးသမီးတွေကြုံတွေ့ရတဲ့အခက်အခဲ ရုန်းကန်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်” ဟုပြောပါသည်။

“Wild Flower from Chinland” ဇတ်လမ်းအား ဒါရိုက်တာစိုးစံထိုက်မှ ရိုက်ကူးကာ၊ ကြာချိန် မိနစ် (၂၇) ဖြစ်သည်။ ဇတ်လမ်းမှာ မြန်မာဘာသာဖြင့် ဖြစ်ပြီး၊ အင်္ဂလိပ်စာ စာတန်းထိုးဖြင့် ပြသမည်ဖြစ်သည်။

cw1204ရန်ကုန်မြို့တွင် ဇွန်လ ၁၄-၁၉ အတွင်း ကျင်းပပြသမည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ “ချင်းတောင်တန်းမှ တောရိုင်းပန်း” မှတ်တမ်းရုပ်ရှင်အား Junction City ၌ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီနှင့် ၀ဇီရာ၌ ဇွန်လ ၁၈ ရက်နေ့ ည (၉) နာရီတို့တွင် ပြသမည်ဖြစ်သည်။
 
ထို့အပြင် ဤလူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်၌ ချင်းလူငယ် Kam Khan Sing မှ ရိုက်ကူးထားသည့် အခြားချင်းဇတ်လမ်းတခုဖြစ်သော “တိမ် (The Cloud)” ကိုလည်း ၀ဇီရာရုပ်ရှင်ရုံ၌ ဇွန်လ ၁၅ ရက် နေ့လည် ၁၂း၄၅ နှင့် Junction City ၌ ဇွန်လ ၁၇ ရက် ညနေ ၃း၃၀ တို့တွင် ပြသမည်ဖြစ်သည်။

“တိမ်” ဇတ်လမ်းအကျဉ်းနှင့် စပ်လျဉ်း၍ ဒါရိုက်တာဖြစ်သူ Kam Khan Sing မှ “ဇာတ်​လမ်​း​လေးက​တော့ စိတ်​ကူးယဉ်​ဇာတ်​လမ်​း​လေးပါ။ ရည်​းစားဘဝမှာ ဆန္ဒ​နောက်​လိုက်​လို့ ဖြစ်​လာတဲ့ အကျိုးဆက်​ကိုရိုက်​ထားတာပါ။ ​လက်​မထပ်​ခင်​ အတူ​နေတာက ကျမ်​းစာကလည်​းဆန်​့ကျင်​ထားတယ်​​လေ။ ဒါနဲ့ချိန်​ပြီးရိုက်​ထားတယ်​” ဟုပြောသည်။

ယခုနှစ် ၂၀၁၇ တွင်းကျင်းပသော လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်သည် ပဥ္စမအကြိမ်မြောက်ဖြစ်ပြီး၊ ယခုနှစ်တွင် ဇတ်ကားပေါင်း ၃၅ ကား၌ မှတ်တမ်းရုပ်ရှင် ၁၉ ကား၊ ဇတ်လမ်းတို ၁၄ ကား၊ Omnibus Film ၁ ကားနှင့် ဇတ်လမ်းရုပ်ရှင် ၁ ကားတို့ ပါ၀င်မည်ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...