ပဥ္စမအကြိမ် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်၌ ချင်းဇတ်လမ်း (၂) ခု ပြသမည်

ပဥ္စမအကြိမ် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်၌ ချင်းဇတ်လမ်း (၂) ခု ပြသမည်
by -
ချင်းဝေါလ်
၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄-၁၉ အတွင်း ရန်ကုန်မြို့၌ ပြုလုပ်မည့်  လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်းဇတ်ကားပေါင်း (၃၅) ကားပြသမည်ဖြစ်ရာ၊ ချင်းမှတ်တမ်းရုပ် (၂) ခုလည်း ပါ၀င်မည်ဖြစ်သည်။

cw1203ယင်းတို့မှာ “ချင်းတောင်တန်းမှတောရိုင်းပန်း”  အမည်ရှိ မှတ်တမ်းရုပ်ရှင် နှင့် “တိမ် (Cloud)” အမည်ရှိ ဇတ်လမ်းများ ဖြစ်သည်။

“ချင်းတောင်တန်းမှတောရိုင်းပန်း” မှတ်တမ်းရုပ်ရှင်မှာ အင်္ဂလိပ်ဘာသာဖြင့် “Wild Flower from Chinland” ဖြစ်ပြီး၊ ချင်းပြည်နယ်-မင်းတပ်မြို့တွင် နေထိုင်သည့် Mai Nleeng Kee (မိုင်လိုင်းကီး) ၏ ဘဝဖြတ်သန်းမှုအား ပုံဖော်ချယ်မှုန်းထားသည်ဟု သိရသည်။

ဤဇာတ်လမ်းအား စီစဉ်သူ Ni Nu ချင်းအမျိုးသမီးအဖွဲ့မှ Mai Len Nei Cer က “ကျမအဖွဲ့ပြုလုပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်အပေါ် အခြေခံပြီး ချင်းအမျိုးသမီးတွေရဲ့လက်ရှိဘဝကို  ထင်ဟပ်ပေါ်လွင်စေဖို့ ရည်ရွယ်ရိုက်ကူးထားတာဖြစ်တယ်။ မိုင်လိုင်းကီးဟာ၂၀၁၅ ခုှနှစ်မှာ CNDP ကနေ မင်းတပ်မြို့နယ်မှာ ၀င်ရောက်အရွေးခံခဲ့ဖူးသလို၊ လက်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) မှာလည်း ဗဟိုကော်မတီဝင်တဦးဖြစ်ပါတယ်။ ချင်းဓလေ့ထုံးတမ်းနဲ့ ချင်းအမျိုးသမီးတွေရဲ့ဘဝ၊ အိမ်ထောင်ကွဲမိခင်တစ်ယောက်ရဲ့ မျှော်လင့်ချက်နဲ့ မလျှော့တဲ့အားမာန်၊ နိုင်ငံရေးလောကထဲဝင်ရောက်လာတဲ့ အမျိုးသမီးတွေကြုံတွေ့ရတဲ့အခက်အခဲ ရုန်းကန်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်” ဟုပြောပါသည်။

“Wild Flower from Chinland” ဇတ်လမ်းအား ဒါရိုက်တာစိုးစံထိုက်မှ ရိုက်ကူးကာ၊ ကြာချိန် မိနစ် (၂၇) ဖြစ်သည်။ ဇတ်လမ်းမှာ မြန်မာဘာသာဖြင့် ဖြစ်ပြီး၊ အင်္ဂလိပ်စာ စာတန်းထိုးဖြင့် ပြသမည်ဖြစ်သည်။

cw1204ရန်ကုန်မြို့တွင် ဇွန်လ ၁၄-၁၉ အတွင်း ကျင်းပပြသမည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ “ချင်းတောင်တန်းမှ တောရိုင်းပန်း” မှတ်တမ်းရုပ်ရှင်အား Junction City ၌ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီနှင့် ၀ဇီရာ၌ ဇွန်လ ၁၈ ရက်နေ့ ည (၉) နာရီတို့တွင် ပြသမည်ဖြစ်သည်။
 
ထို့အပြင် ဤလူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်၌ ချင်းလူငယ် Kam Khan Sing မှ ရိုက်ကူးထားသည့် အခြားချင်းဇတ်လမ်းတခုဖြစ်သော “တိမ် (The Cloud)” ကိုလည်း ၀ဇီရာရုပ်ရှင်ရုံ၌ ဇွန်လ ၁၅ ရက် နေ့လည် ၁၂း၄၅ နှင့် Junction City ၌ ဇွန်လ ၁၇ ရက် ညနေ ၃း၃၀ တို့တွင် ပြသမည်ဖြစ်သည်။

“တိမ်” ဇတ်လမ်းအကျဉ်းနှင့် စပ်လျဉ်း၍ ဒါရိုက်တာဖြစ်သူ Kam Khan Sing မှ “ဇာတ်​လမ်​း​လေးက​တော့ စိတ်​ကူးယဉ်​ဇာတ်​လမ်​း​လေးပါ။ ရည်​းစားဘဝမှာ ဆန္ဒ​နောက်​လိုက်​လို့ ဖြစ်​လာတဲ့ အကျိုးဆက်​ကိုရိုက်​ထားတာပါ။ ​လက်​မထပ်​ခင်​ အတူ​နေတာက ကျမ်​းစာကလည်​းဆန်​့ကျင်​ထားတယ်​​လေ။ ဒါနဲ့ချိန်​ပြီးရိုက်​ထားတယ်​” ဟုပြောသည်။

ယခုနှစ် ၂၀၁၇ တွင်းကျင်းပသော လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်သည် ပဥ္စမအကြိမ်မြောက်ဖြစ်ပြီး၊ ယခုနှစ်တွင် ဇတ်ကားပေါင်း ၃၅ ကား၌ မှတ်တမ်းရုပ်ရှင် ၁၉ ကား၊ ဇတ်လမ်းတို ၁၄ ကား၊ Omnibus Film ၁ ကားနှင့် ဇတ်လမ်းရုပ်ရှင် ၁ ကားတို့ ပါ၀င်မည်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...