မြန်အောင်တွင် အရပ်သား ၁၅ ဦး PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရ

မြန်အောင်တွင် အရပ်သား ၁၅ ဦး PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်တွင် စစ်တပ်သတင်းပေးသူ တစ်ဦး သတ်ခံရပြီးနောက် ၁၄ နှစ်သား အပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၅ ဦးကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

သပြေကုန်းရွာသား စစ်တပ်သတင်းပေးဆိုသူ အောက်တိုဘာလ ၁ ရက်နေ့ ညနေက အသတ်ခံခဲ့ရသည်။

အဖမ်းခံထား ရသူများ၏ နေအိမ်များကို ဖျက်ဆီးကာ ဝင်ရောက် ရှာဖွေပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး စတီး ပိုက်ချောင်းနှင့် ဆေးသုတ်ရာတွင် အသုံးပြုသည့် ပတ်တီးမှုန့်များကို သိမ်းဆည်းသွားကြောင်း ဒေသခံ အချို့က ပြောသည်။

"သူတို့သိမ်းတဲ့ဟာတွေကို ဖောက်ခွဲရေးပစ္စည်းတွေ ဆိုပြီးပြောတယ် ပြီးတော့ ရွာကိုမီးရိူ့ပစ်မယ်ဆိုပြီး ဗိုလ်လုပ်တဲ့သူကပြောသွားသေးတယ်" ဟု သပြေကုန်းတိုက်နယ်အတွင်း နေထိုင်သူ ဒေသခံ ရွာသားတစ်ဦး က ပြော သည်။

၎င်းတို့ ၁၅ ဦးကို အောက်တိုဘာ ၆ ရက်နေ့ က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံနေရသူများကို သပြေကုန်း နယ်မြေရဲစခန်းနှင့် အင်္ဂပူမြို့မ ရဲစခန်းတို့တွင် စစ်ဆေးနေပြီး မည်သူနှင့်မှလည်း တွေ့ဆုံခွင့်မရသေးဟု မိသားစုဝင်အချို့က ပြောသည်။

အင်္ဂပူ ဒေသခံ ဦးကုလားက "အခုဒီကိစ္စက ရွာသားတွေနဲ့ ဘာမှ မဆိုင်ဘူး။ PDF တွေ လုပ်တာလို့ မြန်အောင် မြို့ပြပြောက်ကြားတပ်ဖွဲ့က သူတို့လုပ်တာလို့ ဝန်ခံထားပြီသား" ဟု ပြောသည်။

သပြေကုန်းရွာသား စစ်တပ်သတင်းပေးဆိုသူ ဦးဝင်းမြင့်အောင် (ခေါ်) ဂျပ်ကြီး အောက်တိုဘာလ ၁ ရက်နေ့ ညနေက အသတ်ခံလိုက်ရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်အောင် မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်းစုက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ ၁၅ ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

အသက် ၄၀ နှစ်ကျော်ခန့်ရှိ သပြေကုန်းရွာသား စစ်တပ်သတင်းပေးဆိုသူ ဦးဝင်းမြင့်အောင်ကို  အောက်တိုဘာ လ ၁ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်ခန့်က သပြေကုန်းဈေးအနီး ဆိုင်ကယ်စီးလာစဉ် အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...