မြောင်းမြတွင် ဆရာတော်တစ်ပါးကို လူဝတ်လဲဖမ်းဆီး

မြောင်းမြတွင် ဆရာတော်တစ်ပါးကို လူဝတ်လဲဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ဆရာတော်တစ်ပါးကို စစ်ကောင်စီတပ်ဖွဲ့များက လူဝတ်လဲစေပြီး ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မြောင်းမြမြို့၊ အမှတ် (၈) ရပ်ကွက်၊ မြဂုဏ်ရည်လမ်းရှိ ပညာဇေယျံ ကျောင်းတိုက်ကို စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်စီနင်းပြီး သီရိလင်္ကာနိုင်ငံမှ သာသနာ့ တက္ကသီလ ဓမ္မာစာရိယ BA.MA Buddhism ဘွဲ့ရ ဆရာတော် တစ်ပါးကို PDF အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ လူဝတ်လဲဖမ်းဆီးသွားသည်ဟု ဒကာ၊ ဒကာမများ က ပြောသည်။

"စစ်တပ်အာဏာ သိမ်းတာကို သံဃာတွေနဲ့ အတူ ဆန့်ကျင်ဆန္ဒပြတာလည်း တစ်ကြိမ်ထဲပါ။ သိက္ခာချ လူဝတ်လဲတာ အများရှေ့မှာ သင်္ကန်း ချွတ်တာကိုမြင်ရတော့ စိတ်မချမ်းသာဘူး" ဟု ဒကာမတစ်ဦးကပြောသည်။

အဖမ်းခံရသည့် ဆရာတော် ဘဒ္ဒန္တမေဓာ သည် ဝါတွင်းကာလ ဝါဆိုနေသည့် အာဂန္ဓုသံဃာဖြစ်ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ဘူးကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီကျော်အချိန်က အင်အား ၅၀ ကျော်ခန့်ပါဝင်သည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက သက်တော် ၄၅ နှစ်ခန့်ရှိ U Zinn Ba Nyi အကောင့်ပိုင်ရှင် အရှင် ဘဒ္ဒန္တမေဓာကို လူဝတ်လဲစေပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆရာတော်ကို PDF အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဆိုပြီး ဖမ်းဆီးခြင်းဖြစ်ပြီး ဆရာတော်၏ ကွန်ပြူတာနှင့် ဆက်စပ်သည့်ပစ္စည်းများကိုလည်း သိမ်းဆည်းသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ ဝင်များသည် မည်သည့် ဘာသာ သာသနာနယ်မြေကိုမဆို အမှုအခင်းကိစ္စများ ဝင်ရောက် ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာ ဘာသာ၊ သာသာနာ၏ တာဝန်ရှိသူ များထံ ခွင့်ပန်ခြင်း၊ ခွင့်ပြုချက်တောင်းပြီးမှသာ လုပ်ဆောင်အပ်ကြောင်း ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့က ဆရာတော် တစ်ပါးက မိန့်ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာ ၅ ရက်နေ့ ညက ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့က ဘုန်းကြီးကျောင်းတိုက်တစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် မယ်သီလရှင်တစ်ပါးကိုလည်း ဖမ်းဆီးသွားသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...