အသက်ကန့်သတ်ချက် မမှီသူများ ပိုက်ဆံပေး၍ ကာကွယ်ဆေးထိုးနေကြ

အသက်ကန့်သတ်ချက် မမှီသူများ ပိုက်ဆံပေး၍ ကာကွယ်ဆေးထိုးနေကြ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ် အသက်မပြည့်သူများအား ပိုက်ဆံတောင်းပြီး ထိုးပေးနေခြင်းများရှိနေသည် ဟု ကာကွယ်ဆေး သွား ရောက်ထိုးနှံခဲ့သူများ က ပြောသည်။

လက်ရှိကျန်းမာရေးဝန်ကြီးဌာနက အသက် ၅၅ နှစ် အထက်လူကြီးများကို ကာကွယ်ဆေးထိုးပေးနေခြင်း ဖြစ်ပြီး အသက် ၅၅ နှစ်အောက် လူများက ဆေးတစ်လုံးလျှင် ကျပ် ၂၀၀၀၀ ခန့်ပေး၍ ထိုးနှံနေကြရသည်ဟု ရန်ကုန် တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် အတွင်းနေထိုင်သူ အချို့ က ပြောသည်။

လှိုင်မြို့နယ်၊ ၅ ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက “ပိုက်ဆံပေးပြီး ထိုးတဲ့သူတွေထဲမှာ လူငယ်တွေလဲပါတယ်။ ပထမ ၆၅ နှစ်အထက်၊ နောက်တစ်ကြိမ်က ၅၅ နှစ် အထက်ထိုးပေး တာ။ အသက်မပြည့်တဲ့သူတွေက ရပ်ကွက်လူကြီးတို့ ဘာတို့နဲ့ ပြောပြီးလာထိုးတဲ့ သူတွေအများကြီးပဲ” ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရာတွင် အချို့က သတ်မှတ် အသက် မပြည့်သေးသော်လည်း လာရောက် ကူ  ညီ လုပ်ကိုင်ပေးနေသည့် ကြက်ခြေနီဝန်ထမ်းများ၊ လူငယ်အဖွဲ့များနှင့် ရင်းနှီးသူ အချို့ကိုလည်း အခမဲ့ထိုးပေး ခြင်းများလည်း ရှိနေသည်ဟု လှိုင်မြို့နယ်၊ ၇ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၇၀ ကျော် အရွယ် အမျိုး သား တစ်ဦးက ရှင်းပြသည်။

လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးနေထိုင်သည့် အသက် ၈၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက “ဒီဖက်မှာ ပိုက်ဆံပေးပြီး ထိုးတာတော့ အသံမကြားမိဘူး။ အဖွားကတော့ မထိုးတော့ဘူး။ တရုတ် ဆေးကိုမယုံလို့။ အိမ်က သမီးတော့သွားထိုးတယ်။ နောက်တခြား ဆေးတွေလာဦးမှာပါ။ အဖွားကအဲ့တော့မှပဲ ထိုးတော့မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ကိုဗစ်-၁၀ ရောဂါ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၈ ဒဿမ ၂၆၄ သန်း ရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း ဝယ်ယူရောက်ရှိလာ ကာကွယ်ဆေးပေါင်း ၁၈ သန်းနှင့် လှူဒါန်းလာသည့် ကာကွယ်ဆေး စုစုပေါင်း ၅ သန်းကျော် ရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...