ချင်းကော်ဖီမိတ်ဆက်ပွဲ အင်္ဂလန်နှင့် ဆွစ်ဇာလန်တွင် ပြုလုပ်မည်

ချင်းကော်ဖီမိတ်ဆက်ပွဲ အင်္ဂလန်နှင့် ဆွစ်ဇာလန်တွင် ပြုလုပ်မည်
by -
ချင်းဝေါလ်
Chin Litäi ဟု အမည်ပေးထားသော ချင်းပြည်နယ်ထွက် ကော်ဖီအား ယခုလအတွင်းတွင် အင်္ဂလန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် မိတ်ဆက်ပွဲပြုလုပ်မည်ဟု သိရသည်။

အင်္ဂလန်နိုင်ငံတွင် ဇွန်လ (၂၁) ရက်နေ့၌ ကော်ဖီချစ်ပရိတ်သတ်များနှင့် မိတ်ဆက်ပွဲပြုလုပ်မည်ဖြစ်ကာ၊ ယင်းနောက်တွင် ဆွစ်ဇာလန်နိုင်ငံ၌လည်း ထပ်မံပြုလုပ်မည်ဖြစ်သည်။

cw1201Chin Litäi အား ဦးဆောင်ထုတ်လုပ်သည့် ဆွစ်ဇာလန်နိုင်ငံသူ Ms. Nathalie Manac’h မှ “ချင်းကော်ဖီကို နိုင်ငံတကာကို တင်ပို့တဲ့အခါမှာ အာရှယဉ်ကျေးမှုတခုကို မိတ်ဆက်သလိုမျိုးဖြစ်ရမယ်။ ဥပမာ- လန်ဒန်မှာဆိုရင် ရာသီအလိုက် ကော်ဖီတွေ၊ လက်ဖက်ရည်တွေကို သောက်ချင်၊ စမ်းသပ်ကြည့်ချင်တဲ့ ဓလေ့ရှိပါတယ်။ အဲဒီမှာ ကျမတို့အနေနဲ့ အာရှယဉ်ကျေးမှုဖြစ်တဲ့ ဒီချင်းကော်ဖီကို သူတို့မိတ်ဆက်ပေးရမယ်။ ဒီချင်းကော်မဖီရဲ့ ထူးခြားတဲ့ အန့ံ၊ အရသာကို မိတ်ဆက်ပေးရမှာပါ” ဟု ပြောသည်။

cw1202ဆွစ်ဇာလန်နိုင်ငံတွင်မူ ဇူလိုင်လ (၆) ရက်နေ့နှင့် ဇူလိုင်လ ၂၂ ရက်တို့တွင် ဂျီနီဗာမြို့၌ ကော်ဖီမိတ်ဆက်ပွဲပြုလုပ်မည်ဖြစ်ကာ၊ မြန်မာသံရုံးမှလည်း တက်ရောက်ပါ၀င်ကြမည်ဟု သိရသည်။

Litaï ဆိုသည်မှာ ချင်းပြည်နယ် မင်းတပ်နယ်မှ ချင်းဘာသာစကားဖြစ်ပြီး၊ ယင်းမှာ ခေါနုစုမ်တောင်တန်းကြီး၌ ကျင်လည်နေထိုင်သော ကမ္ဘာပေါ်ရှိ ရှားပါးလှပသော ငှက်တမျိုး၏ အမည်ဖြစ်သည်။ Chin Litäi ကော်ဖီသည်လည်း ထိုငှက်၏ ဂုဏ်သတင်းမွှေးသကဲ့သို့ အရသာထူးခြားကောင်းမွန်သော ကော်ဖီဂုဏ်သတင်းရရှိရန် ရည်ရွယ်ကာ အမှတ်တံဆိပ်အဖြစ် မှည့်ခေါ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

International Coffee Organization (ICO) ၌ ကော်ဖီစျေးကွက် သုံးသပ်သူပညာရှင်အဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်သော Ms. Nathalie Manac’h မှ ချင်းပြည်နယ်၏ ရာသီဥတုု၊ ဓါတ်မြေသြဇာအသုံးပြုခြင်းမရှိသည့် ရှင်းသန့်သည့် မြေဆီလွှာအနေအထား၊ ပင်လယ်ရေမျက်နှာပြင်အမြင့်တို့သည် ကော်ဖီကောင်းထွက်ပေါ်ရန်အတွက် အခြေအနေအဆောက်အဦးများဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့သော ခရီးစဉ်အတွင်း Ms. Nathalie Manac’h သည် သဘာဝကော်ဖီအား မြည်စမ်းသောက်သုံးခွင့်ရရင်း ချင်းကော်ဖီလုပ်ငန်းအား စတင်ရန် ခွန်အားရရှိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဒေသခံကော်ဖီတောင်သူများနှင့် တွေ့ဆုံကာ ကွန်ယက်တည်ဆောက်ခြင်းနှင့် အရည်အသွေးကောင်းမွန်သော ကော်ဖီများစိုက်ပျိုးရေးအတွက် နှီးနှောဖလှယ်ပွဲများပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...